ကမ္ဘာပေါ်က တိရိစ္ဆာန်တွေဟာ အကြောင်းအမျိုးမျိုးကြောင့် နှစ်တိုင်းလိုလိုမျိုးတုန်းသွားကြပါတယ်။ မျိုးတုန်းလုနီးပါးတိရိစ္ဆာန်တွေကို သုတေသီတွေက အကောင်းဆုံးထိန်းသိမ်းထားကြပေမယ့် သူတို့လက်လှမ်းမမှီတဲ့ တိရစ္ဆာန်တွေမြောက်များစွာရှိနေပါသေးတယ်။

ခမ်းနားတဲ့အဆိပ်ဖား (Oophaga speciosa) တွေကို ပညာရှင်တွေက မျိုးမတုန်းအောင် အကောင်းဆုံးကြိုးစားလုပ်ဆောင်ပြီး ထိန်းသိမ်းခဲ့ကြပေမယ့် ၂၀၂၀ ခုနှစ်မှာ မျိုးတုန်းသွားခဲ့ရပါတယ်။ သူတို့ပေါက်ဖွားရာဇာတိဖြစ်တဲ့ ကောစတာရီကာအနောက်ဘက် Cordillera Central ရှိ စိုက်ထရစ်မှိုတွေကြောင့် မျိုးတုန်းသွားတာဖြစ်နိုင်ကြောင်း ပညာရှင်တွေက ခန့်မှန်းထားကြပါတယ်။ စိုစွတ်တဲ့မြေနိမ့်ပိုင်းနှင့် သူတို့ကျက်စားရာနေရာတွေမှာ သစ်တောပြုန်းတီးခြင်းတွေကြောင့်လည်း ကျက်စားရာနေရာရှားပါးလာပြီး အရေအတွက်လျော့ကျလာပါတယ်။


သူတို့ရဲ့နောက်ဆုံးမျိုးစိတ်ကို ၁၉၉၂ ခုနှစ်မှာတွေ့ရပြီး ၁၉၉၆ နောက်ပိုင်းမှာ မျိုးတုန်းတော့မယ့်အန္တရာယ်နဲ့စတင်ကြုံတွေ့လာပါတယ်။ တိရိစ္ဆာန်ရုံတွေနှင့် သုတေသီစုဆောင်းမှုတွေမှာတောင် သူတို့ကိုမတွေ့နိုင်တော့ပါဘူး။ ကံကောင်းတာတစ်ခုက သူတို့ကို အိမ်မွေးတိရိစ္ဆာန်တွေအဖြစ် ကျယ်ကျယ်ပြန့်ပြန့်မွေးမြူခဲ့ကြတဲ့အတွက် သူတို့ရဲ့ ဓာတ်ခွဲစစ်ဆေးမှုနမူနာတွေကို ပြန်လည်ရရှိခဲ့ပါတယ်။


တိရိစ္ဆာန်လေးတွေက အချိန်မရွေးမျိုးတုန်းသွားနိုင်တဲ့အတွက် သင့်ပတ်ဝန်းကျင်မှာရှိတဲ့ တိရိစ္ဆာန်တွေကို တန်ဖိုးထားထိန်းသိမ်းစောင့်ရှောက်ဖို့ လိုအပ်ပါတယ်။ ယခုလိုထိန်းသိမ်းစောင့်ရှောက်ခြင်းက သဘာဝပတ်ဝန်းကျင်အလှကို ကာကွယ်ခြင်းပဲဖြစ်ပါတယ်။