ကမ္ဘာ့အနှေးဆုံး တိရိစ္ဆာန်များ...

//s9.kh1.co/09/095777bdabb32edb201603e9ccc8c268a75df56c.jpg
MPT

 ၂၃-မေ-၂၀၂၃ ၉am · လွန်ခဲ့သော ၂ နှစ် က

ဘယ်လိုကောင်တွေဖြစ်မယ်ထင်လဲ...

ကမ္ဘာပေါ်မှာရှိတဲ့ တိရိစ္ဆာန်တွေအားလုံးဟာ မတူညီတဲ့အသွင်အပြင်နှင့် မတူညီတဲ့အစွမ်းအစတွေကို ပိုင်ဆိုင်ထားကြပါတယ်။ ဒီလိုအစွမ်းအစနှင့် ပင်ကိုယ်စရိုက်တွေမတူညီတဲ့ တိရိစ္ဆာန်တွေထဲက ကမ္ဘာ့အနှေးဆုံးတိရိစ္ဆာန်အချို့ကို ဖော်ပြပေးသွားပါမယ်။ 

https://s9.kh1.co/__image/w=650,h=434,q=100/72/72d5c07cbcf3ef8b9b49c405ce72a51ab4be2ca1.jpg

(၁) ဆလော့

ဆလော့ကောင်တွေက ခြေလက်တွေပါရက်နဲ့ ဘာကြောင့်အနှေးဆုံးတိရိစ္ဆာန်ဖြစ်နေရတာလဲဆိုရင် သူတို့ရဲ့ နိမ့်ကျတဲ့ဇီဝဖြစ်စဥ်နှုန်းကြောင့်ဖြစ်ပါတယ်။ သူတို့ဟာ ခြေတစ်လှမ်းအတွက် တစ်မိနစ်အချိန်ပေးရပြီး သူတို့ကိုယ်ပေါ်မှာ ရေညှိတွေတက်နေတယ်လို့လည်း စူးစမ်းလေ့လာသူတွေက ဖော်ပြထားကြပါတယ်။ သူတို့ရဲ့ခြေလက်အသွင်အပြင်က အခြားတိရိစ္ဆာန်တွေနဲ့တူနေပေမယ့် ခန္ဓာကိုယ်အတွင်းပိုင်းဖွဲ့စည်းပုံက မတူညီကြပါဘူး။ သူတို့ရဲ့ခြေလက်က ရှည်ပေမယ့် ပုခုံးကတော့ မထင်ထားရလောက်အောင်ကျဥ်းပါတယ်။ ဒါတွေကြောင့်ပဲ သူတို့ဟာ ကမ္ဘာ့အ‌နှေးဆုံးတိရစ္ဆာန်အဖြစ် သတ်မှတ်ခံထားရတာဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=434,q=100/53/533c8bf78a764cb491ac5dcfa5f9bd99a8f8c0cb.png

(၂) ဥယျာဥ်ခရု

အကယ်၍သင့်မှာ ခြေထောက်တစ်ချောင်းတည်းရှိမယ်ဆိုရင် မြန်မြန်သွားနိုင်ဖို့အတွက် အရမ်းကိုခက်ခဲ့ပါလိမ့်မယ်။ ဥယျာဥ်ခရုတွေမှာ ရွေ့လျားဖို့အတွက် ပါးလွှာတဲ့ကြွက်သားအစိတ်အပိုင်းတစ်ခုရှိပါတယ်။ သူတို့ရွေ့လျားချိန်မှာ ပွတ်တိုက်မှုကို လျှော့ချဖို့အတွက် အရည်တစ်မျိုးကိုထုတ်တတ်ကြပါတယ်။ ဒါကြောင့် ဥယျာဥ်ခရုတွေ လျှောက်သွားတဲ့လမ်းကြောင်းမှာ အနည်းငယ်စိုစွတ်နေတာဖြစ်ပါတယ်။ သူတို့ရဲ့အမြန်ဆုံးအလျင်က တစ်စက္ကန့်ကို (၁-၂) လက်မ ကြားမှာဖြစ်ပြီး ပုံမှန်အလျင်ကတေ့ တစ်လက်မအောက်သာရှိပါတယ်။ 

https://s9.kh1.co/__image/w=650,h=410,q=100/20/202eb3cb4cbd21cdb45780d068c31072c63243bc.png

(၃) ကြယ်ငါး

ကြယ်ငါးလေးတွေဟာ အပေါ်ဘက်မှာ မာကျောပြီး အောက်ဘက်မှာ ပြွန်နဲ့တူတဲ့ ‌လှုပ်လှုပ်ရွရွခြေထောက်လေးတွေရှိပါတယ်။ ဒီခြေထောက်‌လေးတွေကို အသုံးပြုပြီး မျက်နှာပြင်တွေကို တွယ်ကပ်ကာသွားလာတတ်ကြပါတယ်။ ဒါပေမယ့်အရမ်းမြန်ပါဘူး။ သူတို့ရဲ့ခြေထောက်တွေကိုအသုံးပြုပြီး တစ်မိနစ်ကို ၃ ပေ ( ၁ မီတာ) ခန့်သာ သွားလာနိုင်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=434,q=100/12/12f06c92df092c89edf77be21f0df39a4965d3fb.png

ဒီလိုအနှေးဆုံးတိရစ္ဆာန်တွေကို သင်မြင်ဖူးပါသလား။ အခြားဘယ်ကောင်တွေက အနှေးဆုံးဖြစ်မယ်ထင်လဲ..။

Van Ngun Lian
Van Ngun Lian

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T