ကမ္ဘာ့အမြန်ဆုံးမြင်းမျိုးစိတ်...

//s9.kh1.co/7e/7ed9f997bd881790cb324561e4caa8542c6fc29b.jpg
MPT

 ၂၂-မေ-၂၀၂၃ ၁pm · လွန်ခဲ့သော ၂ နှစ် က

မြင်းပြိုင်ပွဲတွေမှာ အကောင်ဆုံးမှတ်တမ်းတွေ ရယူထားနိုင်တဲ့မြင်းအမျိုးအစား..

မြင်းတွေဟာ အလွန်အသုံးဝင်တဲ့ အိမ်မွေးတိရိစ္ဆာန်တွေဖြစ်ခဲ့သလို ယခုလည်းအသုံးဝင်နေဆဲဖြစ်ပါတယ်။ ခက်ခဲတဲ့တောင်ပေါ်လမ်းတွေမှာ‌ သယ်ယူပို့ဆောင်ရေးအတွက် မြင်းတွေကို အသုံးပြုကြပါတယ်။ ရှေးအခါက စစ်ပွဲတွေမှာ မရှိမဖြစ်လိုအပ်တဲ့ စစ်လက်နက်တစ်ခုအဖြစ်လည်း အသုံးပြုကြပါတယ်။ ခေတ်မီစက်ပစ္စည်းတွေမရှိခင်က ဝေးလံတဲ့ခရီး‌မှာ မြင်းကိုအသုံးပြုပြီးသွားလာကြပါတယ်။ 

https://s9.kh1.co/__image/w=650,h=366,q=100/01/01d8a66e726f4c41a496bcf5b40072f013327590.png

ဒီလိုအသုံးဝင်တဲ့မြင်းတွေထဲကမှာ သရော့ဘရက်လို့ခေါ်တဲ့မြင်းတွေကို ကမ္ဘာ့အမြန်ဆုံးမြင်းတွေအဖြစ် သတ်မှတ်ထားပါတယ်။ သူတို့က မြင့်တယ်၊ ခန္ဓာကိုယ်သေးသွယ်ပြီးတော့ အမြန်ဆုံးအပြေးသမားတွေဖြစ်ပါတယ်။ တစ်နာရီကို မိုင် ၄၀ မှ ၄၅ အတွင်းပြေးနိုင်ပါတယ်။ သူတို့ကို မြင်းပြိုင်ပွဲတွေမှာလည်း အသုံးပြုကြပြီး အလှခုန်ခြင်းနှင့် အမဲလိုက်ခြင်းတွေမှာ ထူးချွန်တဲ့မြင်းတွေဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=548,q=100/6d/6db601fab656b7f3f88f4352fbea38c942a48426.png
https://s9.kh1.co/__image/w=650,h=473,q=100/79/79f386a07e3d3f44903796123b997a9ff9456032.jpg

သမိုင်းတစ်လျှောက် မြင်းပြိုင်ပွဲတွေမှာလည်း ဒီမြင်းတွေကသာ အကောင်းဆုံးစံချိန်နဲ့ အနိုင်ရရှိထားတာပါ။ အမြန်ဆုံးစံချိန်တင်ထားသူ Winning Brew လို့ခေါ်တဲ့ သရော့ဘရက်မြင်းဟာ Grantville မှာ ကျင်းပတဲ့ Penn အမျိုးသားမြင်းပြိုင်ပွဲမှာ တစ်နာရီကို ၄၄ မိုင်နှုန်းနဲ့ပြေးပြပြီး အမြန်ဆုံးမှတ်တမ်းကို ရယူနိုင်ခဲ့ပါတယ်။ အဲ့မြင်းမတိုင်ခင်ကလည်း သရော့ဘရက်မြင်းတွေက မြင်းပြိုင်ပွဲတွေမှာ အမြန်ဆုံးစံချိန်တွေ ရယူထားပါသေးတယ်။ 

https://s9.kh1.co/__image/w=440,h=400,q=100/a7/a7640167ce5850e86a3ffd773cff561581a228a9.png

သရောဘရက်မြင်းတွေအပြင် နောက်ထပ်ဘယ်လိုမြင်းတွေက အမြန်ဆုံးဖြစ်မယ်ထင်လဲ..။ ဘယ်လိုမြင်းတွေကို သ‌ဘောအကျဆုံးလဲ..။

https://s9.kh1.co/__image/w=500,h=453,q=100/17/170d6fae97c2e500ff4e9dba20f675b565ca4c64.png
Van Ngun Lian
Van Ngun Lian

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T