လိပ်ပြာ နှင့် ပိုးဖလံ ဘယ်လိုခွဲခြားမလဲ..?

//s9.kh1.co/49/49f5f94d046922664dda13be240faf845a0f3475.jpg
MPT

 ၂၂-မေ-၂၀၂၃ ၁pm · လွန်ခဲ့သော ၂ နှစ် က

လိပ်ပြာ နှင့် ပိုးဖလံ ဘယ်လိုခွဲခြားမလဲ..?

ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ကျင်လည်ကျက်စားနေတဲ့ လှပတဲ့ လိပ်ပြာလေးတွေ နဲ့ ပိုးဖလံ လေးတွေကို ဘယ်ဟာက လိပ်ပြား ၊ ဘယ်ဟာက ပိုးဖလံဆိုပြီး သေသေချာချာ မခွဲတတ်ဘဲ ထင်ရောင်ထင်မှား ဖြစ်ခဲ့တဲသူ တွေရှိပါတယ်။ အခုဖော်ပြပေးသွားမှာကလည်း လိပ်ပြာနှင့် ပိုးဖလံ ဘယ်လို့ ခွဲခြားမလဲဆိုတာပါ။

Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google

အဓိကတော့ လိပ်ပြာ နှင့် ပိုးဖလံကို ခွဲခြားတဲ့နေရာမှာ  အကောင်းဆုံးနည်းလမ်းကတော့ သူတို့ရဲ့  အာရုံမှင်များရဲ့ ပုံသဏ္ဌာန်ကိုကြည့်တာပါ။ လိပ်ပြာတွေရဲ့ အာရုံမှင်များမှာ အနည်းငယ်သေးပြီး အဖျားမှာ အဖုကလေးများရှိပါတယ်။ ပိုးဖလံများမှာတော့ အာရုံမှင်အဖျားမှာ အဖုကလေးတွေမရှိကြပါဘူး။

Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google

 ဒါ့အပြင် လိပ်ပြာအများစုဟာ နေ့ခင်းဖက်မှာ ပျံသန်းကြပြီး ညဉ့်အချိန်မှာ အိပ်စက်ကြပေမယ့် ပိုးဖလံများမှာတော့ လိပ်ပြာများနှင့် ဆန့်ကျင်ကာ ညဉ့်ဖက်မှာ ပျံသန်းကြပြီး နေ့ခင်းဖက်မှာ အိပ်စက်ကြတာ ဖြစ်ပါတယ်။ ပြီးတော့ လိပ်ပြာတွေက နားခိုနေတဲ့ အခါမျိုးတွေမှာ သူတို့ရဲ့အတောင်များကို ခန္ဓာကိုယ်ပေါ်မှာ ထောင်ထားလေ့ရှိပြီး ပိုးဖလံများကတော့ အဲ့ဒီအတောင်များကို ဖြန့်ပြီးထားလေ့ရှိကြပါတယ်။

Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google

ခန္ဓာကိုယ်အရွယ်အစားမှာလည်း လိပ်ပြာတွေက သေးသေးသွယ်သွယ်ရှိပေမယ့် ပိုးဖလံတွေရဲ့ ခန္ဓာကိုယ်ကတော့ ကြီးမားကြပါတယ်။ ဒါတင်မကသေးပါဘူး ပိုးဖလံ အကောင်လောင်းများဟာ အတောင်များမစုံမီအချိန်ထိ ပိုးအိမ်အတွင်းမှာသာနေကြပြီး လိပ်ပြာ အကောင်လောင်းများမှာတော့ အပေါ်ယံ အရေခွံမရှိတဲ့ ပိုးတုံးလုံးအဖြစ်ဖြင့်သာ နေကြတာဖြစ်ပါတယ်။ ယခုဖော်ပြပေးတဲ့ အချက်တွေကို ကြည့်ပြီး လိပ်ပြာ နှင့် ပိုးဖလံတို့ကို ကောင်းကောင်းကြီး ခွဲခြားနိုင်မယ်လို့ ထင်ပါတယ်။  

သတင်း အရင်းအမြစ် Source - Source - Internet

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T