ကမ္ဘာပေါ််မှာမျိုးတုန်းပျောက်ကွယ်သွားတာ ဒိုင်နိုဆောတွေတင်မကပါဘူး။ အခြားတိရိစ္ဆာန်မျိုးစိတ်ပေါင်းများစွာရှိပါတယ်။ အချို့တွေက ကြောက်ဖြစ်ရုပ်ကြွင်းအဖြစ်တည်ရှိနေတဲ့အတွက် လေ့လာစမ်းစစ်နိုင်ပေမယ့် ပညာရှင်တွေမရှာဖွေနိုင်သေးတဲ့ အခြားမျိုးတုန်းတိရိစ္ဆာန်မြောက်များစွာလည်း ရှိနေပါသေးတယ်။

ဒီလိုမျိုးတုန်းသွားတဲ့တိရိစ္ဆာန်တွေထဲကမှ ဓားသွားကြောင်တွေဟာ ချွန်ထက်တဲ့သွားတွေကို ပိုင်ဆိုင်ထားပြီး အန္တရာယ်များတဲ့ တိရိစ္ဆာန်အဖြစ် တည်ရှိခဲ့ဖူးပါတယ်။ သူတို့ကို ဓားသွားကျားတွေလို့လည်း ခေါ််ကြပါတယ်။ သူတို့ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၅ မီလီယံလောက်ကတည်းက တည်ရှိနေပါတယ်။ ဒါပေမယ့် သူတို့မျိုးတုန်းသွားခဲ့တာဟာ နှစ်ပေါင်း (၁၁၇၀၀) ကြာခဲ့ပါပြီ။


သူတို့မှာ ရှည်လျားပြီး ဓားသွားလိုချွန်ထက်တဲ့သွားတွေကို ပိုင်ဆိုင်ထားတဲ့အတွက် ဓားသွားကြောင်လို့ ခေါ််ဆိုရခြင်းဖြစ်ပါတယ်။ အချို့မျိုးစိတ်တွေမှာ သူတို့သွားတွေက (၅၀) စင်တီမီတာအထိရှည်ပါတယ်. ။ သူတို့ရဲ့ကိုယ်ထည်ဟာ ဝက်ဝံပုံစံရှိတဲ့အတွက် အမဲလိုက်ရာမှာလည်း ကျွမ်းကျင်တဲ့ကြောင်တွေဖြစ်ပါတယ်။ သူတို့ရဲ့မေးရိုးကို ၁၂၀ ဒီဂရီလောက်ထိဖွင့်နိုင်ပါတယ်။ ဒါဟာ အခုခေတ်ခြင်္သေ့တွေထက် နှစ်ဆလောက်ကျယ်တဲ့အရွယ်အစားပါ။

သူတို့ရဲ့မျိုးတုန်းမှုဟာ အမဲလိုက်ခံရတဲ့ ကြီးမားတဲ့သားကောင်တွေကြောင့်ဖြစ်နိုင်ပါတယ်။ အချို့ပညာရှင်တွေကတော့ ရာသီဥတုပြောင်းလဲမှုနှင့် လူသားတွေကြောင့်လို့ ယူဆထားကြပါတယ်။
