ကိုမိုဒိုနဂါးလို့ တင်စားခေါ်ဝေါ်ကြတဲ့ ကမ္ဘာ့အကြီးဆုံးဖွတ်တွေရဲ့ ထူးခြားချက်များ..

//s9.kh1.co/f5/f560a9149a7bb2bc2e772ce560789ee2d39818e3.jpg
MPT

 ၂၂-မေ-၂၀၂၃ ၉am · လွန်ခဲ့သော ၃ နှစ် က

လူတွေအတွက်လည်း အန္တရာယ်ရှိတဲ့ ဖွတ်..

ကိုမိုဒါဖွတ်တွေဟာ ကမ္ဘာ့အကြီးဆုံးဖွတ်တွေဖြစ်ပါတယ်။ သူတို့က သန်မာပြီး အဆိပ်ပြင်းတဲ့အတွက် အန္တရာယ်များတဲ့ ဖွတ်အမျိုးအစားတွေပါ။ ဒီလိုဖွတ်တွေရဲ့ ထူးခြားပြီးသိထားသင့်တဲ့ အချက် (၅) ချက်ကို ဖော်ပြပေးသွားပါမယ်။ 

https://s9.kh1.co/__image/w=650,h=434,q=100/90/9006cae2252b83b7794917e4f0e6c71c29ce60dc.jpg

(၁) ကိုမိုဒိုဖွတ်တွေဟာ အင်ဒိုနီးရှားရဲ့ ကျွန်းဆွယ်ငါးခုမှာသာတွေ့ရတဲ့ ရှားရှားပါးပါးဖွတ်တွေဖြစ်ပါတယ်။ သိပ္ပံပညာရှင်တွေကတော့ သူတို့ရဲ့ DNA အရ သြစတေးလျနိုင်ငံမှ ဆင်းသက်ပေါက်ဖွားလာတယ်လို့ သတ်မှတ်ထားကြပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/0c/0c421a5bb1c688d9ebe0133a7fefa2f16896a600.jpg

(၂) သူတို့ရဲ့အမြီးက ကိုယ်ထည်လောက်နီးပါးရှည်ပြီး သားကောင်တွေကို တိုက်ခိုက်တဲ့အခါအလွန်အသုံးဝင်ပါတယ်။ လွတ်သွားတဲ့သားကောင်တွေကို သန်မာတဲ့အမြီး‌နဲ့ ပြန်တိုက်ခိုက်တတ်ကြပါတယ်။ 

(၃) ကိုမိုဒိုဖွတ်တွေက အစားအသောက်တွေကို မဖြုန်းတီးတတ်ပါဘူး။ အခြားအသားစားတိရစ္ဆာန်တွေက သူတို့ရလိုက်တဲ့သားကောင်ရဲ့ (၃၀) ရာခိုင်နှုန်းခန့်သာစားသောက်ကြပေမယ့် ကိုမိုဒါတွေကတော့ (၈၀) ရာခိုင်နှုန်းလောက်ထိ စားပြီး အူနှင့် အရိုးတွေကိုသာ ချန်ထားတတ်ကြပါတယ်။

https://s9.kh1.co/__image/w=650,h=418,q=100/ce/ce70359cc3113fea05dea1ce39e4af6f6372c407.jpg

(၄) ကိုမိုဒိုဖွတ်တွေမှာ သွားအချောင်း (၆၀) ခန့် ရှိပြီး သားကောင်တွေကို ကိုက်ဖြတ်စားသောက်တဲ့အခါ သွားတွေကျွတ်ထွက်လေ့ရှိပါတယ်။ ဒီလိုကျွတ်ထွက်သွားတဲ့ သွားတွေကိုလည်း အမြန်ဆုံးပြန်အစားထိုးနိုင်ပါတယ်။ သူတို့ရဲ့ သက်တမ်းတစ်လျှောက်မှာ (၅) ကြိမ်လောက်ထိ သွားတွေကို အစားထိုးနိုင်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=456,q=100/a2/a253ba7235bd598973e6bb334507929bf146ccde.jpg

(၅) သူတို့မှာ ပြင်းထန်တဲ့အဆိပ်လည်း ရှိပါတယ်။ သူတို့အကိုက်ခံရတဲ့အခါ ပြင်းပြင်းထန်ထန်ခံစားရသလို သွားတွေကတစ်ဆင့် ကူးစက်တတ်တဲ့အဆိပ်တွေကြောင့်လည်း ပြင်းထန်တဲ့နာကျင်မှုကို ခံစားရနိုင်ပါတယ်။ အကိုက်ခံရတဲ့သား‌ကောင်တွေက မသေဘဲထွက်ပြေးလွတ်မြောက်သွားရင်တောင် သူတို့နောက်ကိုလိုက်ပြီး အဆိပ်ပျံ့မယ့်အချိန်ထိ ကိုမိုဒိုဖွတ်တွေက စောင့်နေတတ်ကြပါတယ်။ 

https://s9.kh1.co/__image/w=650,h=475,q=100/73/73cf7fc20b0272e17992abdf4174754f641b9b4a.jpg
Van Ngun Lian
Van Ngun Lian

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T