အာဂျင်တီးနားနိုင်ငံ တောင်ပိုင်း Patagonia ဒေသမှာ လည်ပင်းရှည် ဒိုင်နိုဆောမျိုးစိတ်သစ် တစ်မျိုးရဲ့ ရုပ်ကြွင်းများကို ရှာဖွေတွေ့ရှိခဲ့ပြီး အဲ့ဒီဒိုင်နိုဆောဟာ ရှာဖွေတွေ့ရှိဖူးသမျှထဲမှာ အကြီးဆုံးအဖြစ်ပါတယ်။ ဘယ်လောက်တောင်ကြီးမားလဲဆိုရင် အဲ့ဒီရုပ်ကြွင်းအရိုးစုတွေကို သယ်ဆောင်တဲ့ ကားတောင် တိမ်းမှောက်ခဲ့ပါသေးတယ်။


ပညာရှင်တွေကတော့ ဒီမျိုးစိတ်သစ်ကို “Chucarosaurus Diripienda” လို့အမည်ပေးခဲ့ပြီး အခြားသားရိုင်းတိရစ္ဆာန်တွေ ၊ ငါးတွေနှင့် ပင်လယ်လိပ်တွေနဲ့အတူ နေထိုင်ခဲ့တာလို့ ယူဆခဲ့ကြပါတယ်။ အလေးအချိန်က တန်ချိန် ၅၀ နှင့် အရှည် ၃၀ မီတာထိရှိနိုင်ပြီး တောင်ထူထပ်တဲ့ Rio Negro ပြည်နယ်မှာ နေထိုင်တဲ့ အကြီးဆုံးအကောင်လည်း ဖြစ်တယ်လို့ ဆိုပါတယ်။


တွေ့ရှိခဲ့တဲ့ အဖျားရိုးကို အပိုင်းသုံးပိုင်ခွဲတာတောင် အလေးချိန်က ၁၀၀ ကီလိုဂရမ်ကျော်တာဖြစ်လို့ အနည်းဆုံး လူ ၃ လောက်မရမဲ့အနေအထားပါ။ ပြီးတော့ အခြားတွေ့ရှိခဲ့တဲ့ အရိုးစုတွေနဲ့ ယှဉ်ကြည့်ရင် သူ့ရဲ့ တင်ပါး၊ ရှေ့လက်မနှင့် နောက်ခြေမတွေက ပိုမိုသွယ်လျပြီး လှပနေတယ်လို့ ဆိုပါတယ်။

ဒိုင်နိုဆောအရိုးစု တွေ့ရှိခဲ့တဲ့ ထိပ်တန်း သုံးနိုင်ငံစာရင်းမှာ အာဂျင်တီးနားက ဒိုင်နိုဆောမျိုးစိတ် ၁၄၀ ခန့်ကို ရှာဖွေတွေ့ရှိခဲ့ပြီး ကျန်နိုင်ငံမှာ တရုတ်နှင့် အမေရိကန်တို့ဖြစ်တယ်လို့ ဆိုပါတယ်။
သတင်း အရင်းအမြစ်៖ Source - reuters