ကမ္ဘာ့ကုန်းမြေရဲ့ (၃၀) ရာခိုင်နှုန်းခန့်ဟာ သစ်တောတွေဖြစ်ကြပြီး ကုန်းနေသတ္တဝါတွေရဲ့ (၈၀) ရာခိုင်နှုန်းခန့်ဟာ ဒီသစ်တောတွေမှာ ရှင်သန်နေထိုင်ကြပါတယ်။ ဒီသစ်တောတွေမှာ မတူညီတဲ့ အပင်မျိုးစိတ်ပေါင်း (၆၀၀၀၀) ကျော်လည်း ရှင်သန်ပေါက်ဖွားကြပါတယ်။ (၂၁) ရာစုအတွင်းမှာတော့ ကမ္ဘာ့ကုန်းမြေရဲ့ (၅၀) ရာခိုင်နှုန်းခန့်ကို သစ်တောတွေဖုံးအုပ်နိုင်ဖို့ ပညာရှင်တွေက မျှော်လင့်ထားကြပါတယ်။ အကြောင်းကတော့ လူတွေဟာ သစ်တောတွေရဲ့ အရေးပါပုံနှင့် သဘာဝတရားရဲ့အလှတရားကို တန်ဖိုးထားမြတ်နိုးကြလို့ပါ။ ဒီလိုအရေးပါတဲ့ သစ်တောတွေထဲကမှ ကမ္ဘာ့အကြီးဆုံးသစ်တော အချို့ကို ဖော်ပြပေးသွားပါမယ်။
(၁) အမေဇုန်မိုးသစ်တော
အမေဇုန်မိုးသစ်တောဟာ စတုရန်းကီလိုမီတာပေါင်း ၅.၅ မီလီယံ ကျယ်ဝန်းပြီး ကမ္ဘာ့အကြီးဆုံးသစ်တောကြီးတစ်ခုဖြစ်ပါတယ်။ တောင်အမေရိကမြောက်ပိုင်းမှာတည်ရှိပြီး ဘရာဇီး၊ ကိုလံဘီယာ၊ ပီရူး၊ ဘိုလာဗီရား၊ အီကွေဒေါ၊ ဗင်နီဇွဲလား၊ ဆူရီနမ်၊ ကင်ညာ စတဲ့ နိုင်ငံ (၉) ခုကို ဖြတ်သန်းတည်ရှိနေပါတယ်။ အပင်နှင့် တိရစ္ဆာန်မျိုးစေ့ပေါင်း ၂.၅ မီလီယံရဲ့ နေထိုင်ကျက်စားရာဒေသတစ်ခုဖြစ်ပါတယ်။

(၂) ကွန်ဂိုမိုးသစ်တော
စတုရန်းကီလိုမီတာပေါင်း ၃.၇ မီလီယံကျယ်ဝန်းပြီး အာဖရိကအလယ်ပိုင်းမှာတည်ရှိပါတယ်။ ကင်မရွန်းအရှေ့တောင်ပိုင်း၊ ဂါဘွန်၊ ကွန်ဂိုသမ္မတနိုင်ငံ၊ ကွန်းဂိုဒီမိုကရက်သစ်သမ္မတနိုင်ငံ၊ အာဖရိကမြောက်ပိုင်း၊ အလယ်ပိုင်းနှင့် တောင်ပိုင်းတွေကို ဖုံးလွှမ်းထားပါတယ်။ အပင်နှင့် တိရစ္ဆာန်မျိုးစိတ်ပေါင်း ၁၀၀၀၀ ကျော်ရှင်သန်ပေါက်ပွားရာ သစ်တောတစ်ခုဖြစ်ပါတယ်။ ကွန်ဂိုမိုးသစ်တောမှာ အရည်အသွေးကောင်ပြီး ကြီးမားတဲ့အပင်မြောက်များစွာရှိပါတယ်။

(၃) နယူးဂီနီမိုးသစ်တော
ကမ္ဘာ့အကြီးဆုံးကျွန်းဆွယ်ဖြစ်တဲ့ နယူးဂီနီကျွန်းဆွယ်မှာ တည်ရှိပြီး စတုရန်းကီလိုမီတာပေါင်း ၇၈၀၀၀၀ ကျယ်ဝန်းပါတယ်။ အင်ဒိုနီးရှားနှင့် နယူးဂီနီနိုင်ငံအတွင်းမှာတည်ရှိတဲ့ ကြီးမားတဲ့သစ်တောတစ်ခုပါ။
