လူကြိုက်အများဆုံး ကြောင်မျိုးစိတ်များ...

//s9.kh1.co/6a/6ada66543bd88823e7aabd7f1b0847e143eaecd6.jpg
MPT

 ၁၈-မေ-၂၀၂၃ ၂pm · လွန်ခဲ့သော ၃ နှစ် က

မျိုးစိတ်တွေအားလုံးက ချစ်စရာကောင်းပါတယ်...

ကြောင်လေးတွေဟာ လူကြိုက်အများဆုံး အိမ်မွေးတိရိစ္ဆာန်တွေထဲက တစ်ခုအပါအဝင်ဖြစ်ပါတယ်။ အချို့တွေက အိမ်မှာကြွက်မရှိအောင်မွေးမြူကြပေမယ့် အများစုကတော့ အဖော်မွန်ကောင်းတွေအဖြစ်မွေးထားကြပါတယ်။ ဒီလိုကြောင်တွေထဲကမှ လူကြိုက်အများဆုံး ကြောင်မျိုးစိတ်အချို့ကို ဖော်ပြပေးသွားပါမယ်။ 

https://s9.kh1.co/__image/w=650,h=270,q=100/d6/d642c77322ea2afcaf0a77a154d1657c8e2cd739.png

(၁) မိုဂီကြောင်

မိုဂီကြောင်လေးတွေဟာ ဥရောပတစ်ခွင်-ဗြိတိန်နှင့် အမေရိကမှာ အဓိကမွေးမြူကြတဲ့ အမွေးတို အိမ်မွေးကြောင်လေးတွေဖြစ်ပါတယ်။ သူတို့မှာ မူလမျိုးစိတ်သီးသန့်မရှိဘဲ အခြားအမွေးတိုကြောင်တွေနှင့် မျိုးစပ်ပြီး ကမ္ဘာအနှံ့ပျံ့ပွားနေတာဖြစ်ပါတယ်။ ဒီကြောင်လေးတွေကို ဂရုစိုက်ထိန်းသိမ်းစရာ မလိုလဲ လွတ်လွတ်လပ်လပ်နေတတ်တဲ့ ကြောင်လေးတွေဖြစ်ပါတယ်။ ဒါ့အပြင် သူတို့ဟာ ဉာဏ်အကောင်းဆုံးကြောင်အဖြစ်လည်း သတ်မှတ်ထားပါတယ်။ 

မိုဂီအမွေးတိုကြောင်
မိုဂီအမွေးတိုကြောင်

(၂) Ragdoll ကြောင်

၁၉၆၀ ခုနှစ်မှာ အမေရိကန်ကြောင်မွေးသူတစ်ဦးက ပါရှန်းနှင့် ဘာမန်းမျိုးစိတ်တွေကို မျိုးစပ်ပြီး စတင်မွေးမြူခဲ့ပါတယ်။ သူမွေးမြူပြီး မကြာခင်မှာပဲ ဒီကြောင်မျိုးစိတ်လေးတွေဟာ လူကြိုက်အများဆုံးကြောင်မျိုးစိတ်တစ်ခု ဖြစ်လာခဲ့ပါတယ်။ သူတို့ဟာ ကမ္ဘာ့အကြီးဆုံးကြောင်မျိုးစိတ်တစ်ခုဖြစ်ပြီး အလေးချိန် ၁၅-၂၀ ပေါင်ထိရှိပါတယ်။ အမွေးတိုကြောင်တွေနဲ့မတူဘဲ သူတို့ဟာ လူတွေကိုကပ်တွယ်တတ်ပြီး တစ်ကောင်တည်းအိမ်မှာမထားခဲ့သင့်တဲ့ အိမ်မွေးကြောင်လေးတွေဖြစ်ပါတယ်။ 

Ragdoll ကြောင်
Ragdoll ကြောင်

(၃) မိန်းကွင်းကြောင်

မိန်းကွင်းကြောင်တွေရဲ့ မူလဇစ်မြစ်နှင့်ပတ်သတ်ပြီး ဒဏ္ဍာရီများစွာရှိနေပေမယ့် တကယ်တမ်းသူတို့ဟာ အမွေးတိုကြောင်တွေနှင့် အန်ဂိုရာကြောင်တွေရဲ့ မျိုးစပ်မှုမှဖြစ်လာနိုင်တယ်လို့ သုတေသီတွေက သတ်မှတ်ထားကြပါတယ်။ မိန်းကွင်းကြောင်တွေကို အမေရိကန်နိုင်ငံ မိန်းပြည်နယ်မှာ စတင်မိတ်ဆက်ခဲ့ပြီး လူကြိုက်များလာခဲ့ပါတယ်။ အခုချိန်မှာတော့ မြောက်အမေရိကမှာ ဒုတိယလူကြိုက်အများဆုံးနှင့် ကမ္ဘာပေါ်မှာ တတိယလူကြိုက်အများဆုံးကြောင်မျိုးစိတ်ဖြစ်လာခဲ့ပါတယ်။ ကမ္ဘာ့အကြီးဆုံး ကြောင်မျိုးစိတ်တွေထဲက တစ်ခုအပါအဝင်ဖြစ်ပြီး ၁၆ လက်မအမြင့်ရှိပါတယ်။ သူတို့ဟာ အခြားကြောင်တွေနဲ့မတူဘဲ သိမ်မွေ့ညင်သာတဲ့အတွက် ကလေးတွေနဲ့အတူကစားလို့ ရပါတယ်။ 

မိန်းကွင်းကြောင်
မိန်းကွင်းကြောင်

ဖော်ပြထားတဲ့ကြောင်တွေမှာ သင်အလိုချင်ဆုံးကြောင်မျိုးစိတ်က ဘယ်တစ်ခုလဲ..။

Van Ngun Lian
Van Ngun Lian

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T