လူကိုသေစေနိုင်လောက်အောင် အဆိပ်ပြင်းတဲ့ ရေပုတ်သင်..

//s9.kh1.co/78/78651ddfe8a78dc5ee2b33e05cdb6b247695f3e0.jpg
MPT

 ၁၈-မေ-၂၀၂၃ ၁pm · လွန်ခဲ့သော ၂ နှစ် က

အကြောတွေကတစ်ဆင့် အသက်ပါသေစေနိုင်ပါတယ်...

ကြမ်းတမ်းပြီး ခြောက်သွေ့တဲ့အရေခွံနဲ့ ရေပုတ်သင်တွေမှာ လူကိုသေစေနိုင်လောက်တဲ့ထိ ပြင်းထန်တဲ့အဆိပ်ရှိပါတယ်။ အခြားပုတ်သင်မျိုးစိတ်တွေမှာ ချောမွေ့စိုစွတ်တဲ့ အရေခွံရှိနေပေမယ့် အဆိပ်ပြင်းတဲ့ ဒီမျိုးစိတ်ကတော့ ကြမ်းတမ်းတဲ့ အရေခွံကြောင့် လူသိများလာတာဖြစ်ပါတယ်။ အရွယ်ရောက်ပြီးသားမျိုးစိတ်တွေမှာ အညိုရောင်ခေါင်းနှင့် တောက်ပတဲ့ လိမ္မော်ရောင်ဝမ်းဗိုက်ရှိပြီး အများဆုံး (၈) လက်မလောက် အရှည်ရှိပါတယ်။ 

ရေပုတ်သင်
ရေပုတ်သင်

သားကောင်တွေရဲ့ရန်မှ ကာကွယ်နိုင်ဖို့ သူတို့ရဲ့ကြမ်းတမ်းတဲ့အရေခွံနှင့် ဥတွေမှာ ပြင်းထန်တဲ့အာရုံကြောဆိုင်ရာအဆိပ်တွေ ပါဝင်ပါတယ်။ သူတို့စိတ်အနှောင့်အယှက်ဖြစ်တဲ့အခါ နို့ရည်ကဲ့သို့သော အဖြူရောင်အရည်တွေကို ထုတ်ပေးပါတယ်။ ဒီကောင်တွေကို လက်နဲ့ထိမိပြီဆိုရင် ပါးစပ်နဲ့လက်ကိုပြန်မထိမိဖို့ သတိပြုသင့်ပါတယ်။ အကြောင်းကတော့ ပါးစပ်ကတစ်ဆင့် အဆိပ်တွေကို ကူးစက်စေနိုင်လို့ပါ။ 

ရေပုတ်သင်
ရေပုတ်သင်

သူတို့ရဲ့အဆိပ်တွေက အရေပြားယားယံခြင်းကို အနည်းငယ်သာဖြစ်စေပေမယ့် ပါးစပ်နဲ့ထိမိမယ်ဆိုရင်တော့ အကြောသေခြင်းနှင့် သေဆုံးခြင်းစတဲ့ ပြင်းထန်တဲ့လက္ခဏာတွေကို ဖြစ်စေနိုင်ပါတယ်။ 

ရေပုတ်သင်
ရေပုတ်သင်

ရေပုတ်သင်ဖြစ်နေပေမယ့် မျိုးပွားခြင်းမရှိတဲ့ရာသီမှာ ကုန်းနေအရွယ်ရောက်ပြီးတဲ့ကောင်တွေဟာ ကမ်းရိုးတန်းတစ်လျှောက်မှာရှိတဲ့ သစ်တောတွေနှင့် ကတ်စ်ကတ်ရဲ့ အရှေ့ဖက်တောင်ခြေတွေထိ နေထိုင်ကြပါတယ်။ နွေဦးနှင့် ဆောင်းဦးကာလတွေမှာတော့ လမ်းမကြီးတွေမှာ ဖြတ်သန်းသွားလာတာကို မြင်နိုင်ပါတယ်။ 

ရေပုတ်သင်
ရေပုတ်သင်
Van Ngun Lian
Van Ngun Lian

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T