အပျင်းအထူဆုံးတိရစ္ဆာန်များ..

//s9.kh1.co/38/3820ff7b3da81c56fd558e7e9fa70987fade761f.jpg
MPT

 ၁၈-မေ-၂၀၂၃ ၉am · လွန်ခဲ့သော ၂ နှစ် က

အပျင်းအထူဆုံးလို့ပြောရင် ဘယ်သူ့ကို အရင်ဆုံးပြေးမြင်မိလဲ...။

လူတွေလိုပဲ တိရိစ္ဆာန်တွေမှာလည်း သွက်သွက်လက်လက်နေတတ်တဲ့ တိရိစ္ဆာန်တွေရှိသလို ပျင်းတွဲတွဲနဲ့ အိပ်နေတတ်တဲ့တိရိစ္ဆာန်လေးတွေလည်း ရှိပါတယ်။ လူတွေက သွက်လက်ပြီးအဆော့မက်လွန်းရင် မျောက်လို့အခေါ်ခံရပြီး အရမ်းအပျင်းထူနေရင် ဝက်လို့နာမည်ပြောင်ပေးတတ်ကြပါတယ်။ ဒါကြောင့် နာမည်သစ်တွေပြောင်းပေးနိုင်အောင် ဝက်ထက်အပျင်းထူတဲ့ အပျင်းအထူဆုံးတိရိစ္ဆာန်အချို့ကို ဖော်ပြပေးသွားပါမယ်။ 

https://s9.kh1.co/__image/w=650,h=365,q=100/a5/a531eea0fe72215c200b22858306e0a384c167e0.jpg

(၁) ကိုအာလာဝက်ဝံ

ကိုအာလာဝက်ဝံတွေဟာ ကမ္ဘာ့အပျင်းအထူဆုံးတိရိစ္ဆာန်တွေဖြစ်ပါတယ်။ အကြောင်းကတော့ သူတို့ဟာ တစ်ရက်ကို (၁၈) နာရီအိပ်တတ်ကြပြီး (၄) နာရီခန့်သာနိုးနေကြတာဖြစ်ပါတယ်။ အစာချေဖျက်မှုကောင်းမွန်စေဖို့အတွက် ကိုအာလာလေးတွေဟာ များများအိပ်စက်ဖို့ လိုအပ်ပါတယ်။ သူတို့ရဲ့အစာချေဖျက်မှုကို ကူညီဖို့အတွက် အဆိပ်ပါတဲ့ယူကလစ်ရွက်တွေကို စားလေ့ရှိကြပါတယ်။ 

ကိုအာလာဝက်ဝံ
ကိုအာလာဝက်ဝံ

(၂) ဆလော့

ဆလော့တွေရဲ့ ပျင်းရိမှုကိုတော့ မျက်လုံးမြင်ရုံနဲ့ ကောင်းကောင်းသိနိုင်ပါတယ်။ သူတို့ဟာ တစ်ရက်ကို နာရီ (၂၀) နီးပါးအိပ်တတ်ကြပြီး နှေးကွေးစွာလှုပ်ရှားတတ်ကြပါတယ်။ သူတို့ဟာ သစ်ကိုင်းပေါ်မှာဖက်တွယ်ကာ အချိန်ဖြုန်းတတ်ကြပြီး လိုအပ်မှသာလှုပ်ရှားတတ်ကြပါတယ်။ တောင်အမေရိကရဲ့ အပူပိုင်းမိုးသစ်တောတွေမှာ နေထိုင်ကြပြီး အလုပ်တစ်ခုကို ပြီးမြောက်ဖို့ အချိန်အကြာကြီး လုပ်တတ်ကြပါတယ်။ 

ဆလော့
ဆလော့

(၃) အမေရိကန် သားပိုက်ကောင်ငယ်

အမေရိကန်သားပိုက်ကောင်တွေဟာ အအိပ်နိုင်ဆုံး တိရိစ္ဆာန်တွေဖြစ်ပါတယ်။ တစ်ရက်ကို (၁၈-၂၀) နာရီအတွင်း နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်တတ်ကြပါတယ်။ သူတို့ဟာ နှေးကွေးစွာလှုပ်ရှားတတ်ကြပြီး အစားအစာနှင့် အမိုးအကာအသစ်တွေ ကောင်းကောင်းထောက်ပံ့ပေးမယ့် နေရာသစ်တွေမှာ ပြောင်းရွှေ့နေထိုင်တတ်ကြပါတယ်။ 

အမေရိကန်သားပိုက်ကောင်ငယ်
အမေရိကန်သားပိုက်ကောင်ငယ်
Van Ngun Lian
Van Ngun Lian

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T