သင်ဟာခွေးချစ်တတ်သူတစ်ယောက်လား။ ဒီလိုဆိုရင် ချစ်စရာကောင်းပြီး အိမ်မွေးတိရိစ္ဆာန်အတွက်သင့်တော်တဲ့ သေးငယ်တဲ့ခွေးလေးတွေကို ဖော်ပြပေးသွားပါမယ်။ သေးသေးလေးနဲ့ အသဲယားစရာကောင်းတဲ့ ခွေးလေးတွေပါနော်..။
ရုရှားအရုပ်ခွေး (Russian Toy)
ရုရှားအရုပ်ခွေးလေးတွေဟာ မျိုးစပ်ခွေးအမျိုးအစားဖြစ်ပြီး ကြီးမားတဲ့နားရွက်နှင့် ရှည်လျားတဲ့အမွေးတွေရှိပါတယ်။ သူတို့အရပ်က ၁၁ လက်မ (၂၈ စင်တီမီတာ) ရှိပြီး အလေးချိန်က ၆.၅ ပေါင်ခန့်သာရှိပါတယ်။ သူတို့က ဉာဏ်ကောင်းပြီး လေ့ကျင့်ရတာလွယ်ကူပါတယ်။

မဲလ်သစ်ခွေး (Maltese)
မဲလ်သစ်ခွေးလေးဟာ ကျက်သရေရှိတဲ့ နှာတံလေးတွေနဲ့ သိုးလေးတွေလိုပဲ အဖြူရောင်အမွေးလေးတွေနဲ့ ဖုံးအုပ်ထားပါတယ်။ သူတို့လေးတွေဟာ အရမ်းချစ်စရာကောင်းတဲ့အတွက် ရောမအင်ပါယာက မင်းမျိုးမင်းနွယ်တွေကတောင် ခေတ်ဆန်တဲ့အဖော်အဖြစ် အံ့ဩဖွယ်မွေးမြူကြပါတယ်။ သူတို့ဟာ ၉ လက်မ (၂၃ စင်တီမီတာ) အရပ်ရှိပြီး အလေးချိန် (၇) ပေါင်ခန့်ရှိပါတယ်။

ချူဝါဝါခွေး ( Chihuahua)
ချူဝါဝါခွေးလေးတွေဟာ အရမ်းချစ်စရာကောင်းပြီး သေးငယ်ပါတယ်။ သူတို့လေးတွေကို နူးညံ့ညင်သာတဲ့အရိုးတွေနဲ့ ဖွဲ့စည်းထားတဲ့အတွက် ကလေးတွေရဲ့ ကစားဖော်အဖြစ်မွေးမြူကြပါတယ်။ အလေးချိန် ၆ ပေါင်ရှိပြီး ပျမ်းမျှအမြင့်က ၉ လက်မလောက်ထိရှိပါတယ်။ ကျယ်ဝန်းတဲ့ မျက်လုံးနှင့် ကြီးမားတဲ့နားရွက်တွေက သူတို့လေးတွေကို ပိုမိုချစ်ခင်စေပါတယ်။ ကမ္ဘာ့အသေးဆုံးခွေးအဖြစ်လည်း သတ်မှတ်ခံထားရပါတယ်။

သင်ကခွေးချစ်တတ်သူတစ်ယောက်ဆိုရင် ဘယ်လိုခွေးလေးတွေကို အချစ်ဆုံးလဲ..။




