ကမ္ဘာ့အကြီးဆုံး ငါးမန်းများ..

//s9.kh1.co/5c/5c68800ac18e9ba6a6551870c9a4abc9cb6e1f8b.jpg
MPT

 ၁၅-မေ-၂၀၂၃ ၃pm · လွန်ခဲ့သော ၂ နှစ် က

ရေနေသတ္တဝါတွေဖြစ်တဲ့ အကြီးမားဆုံးငါးမန်းများ..

ငါးမန်းတွေဟာ ရေနေသတ္တဝါတွေဖြစ်ပြီး ဝေလငါးပြီးနောက် အကြီးဆုံးရေနေသတ္တဝါတွေဖြစ်ပါတယ်။ သူတို့ရဲ့ထူးခြားတဲ့စွမ်းရည်ကတော့ (၁) မိုင်အတွင်းမှာရှိတဲ့ သွေးအနံ့ကိုခံနိုင်ပြီး ပေ ၃၃၀ (မီတာ ၁၀၀) အတွင်းက လှုပ်ရှားမှုတွေကို ရှာဖွေတွေ့ရှိနိုင်ပါတယ်။ ဒါပေမယ့် ငါးမန်းတွေဟာ သင်ထင်ထားသလို အရမ်းဆိုးတဲ့ သတ္တဝါတွေတော့ မဟုတ်ပါဘူး။ ငါမန်းကိုက်လို့သေသွားတဲ့လူအရေအတွက်ဟာ မိုးကြိုးပစ်လို့သေသွားတဲ့သူ အရေအတွက်ထက်ပိုနည်းပါတယ်။ ငါးမန်းတွေရဲ့အရည်အသွေးကိုသိပြီဆိုတော့ ဘယ်ငါးမန်းအမျိုးအစားတွေက အကြီးဆုံးလဲဆိုတာကို ဖော်ပြပေးသွားပါမယ်။ 

https://s9.kh1.co/__image/w=480,h=270,q=100/4d/4d7d9798b7bf8aa9e1f1783274dfd18b175075d4.jpg

(၁) ဝေလငါးပုံ ငါးမန်း ( Whale Shark)

ဝေလငါး ငါးမန်းတွေဟာ ကမ္ဘာ့အကြီးဆုံးငါးမန်းတွေဖြစ်ပါတယ်။ ဝေလငါး ငါးမန်းတစ်ကောင်ဟာ ၆၂ ပေ (၁၉ မီတာ) ရှည်ပါတယ်။ သူတို့ဟာ အရမ်းကိုကြီးမားပေမယ့် လူတွေကို အန္တရာယ်မဖြစ်စေပါဘူး။ နေ့စဥ်မိုင်ထောင်ချီခရီးသွားပြီး ကမ္ဘာတစ်ဝှမ်းရေပူတွေရှိတဲ့နေရာမှာ တွေ့ရပါတယ်။ 

https://s9.kh1.co/__image/w=650,h=366,q=100/db/db08027818db92d867e18efa8be26b13172b9664.png

(၂)ဘက်စ်ကင်းငါးမန်း (Basking Shark)

ဘက်စ်ကင်းငါးမန်းတွေဟာလည်း ဝေလငါး ငါးမန်းတွေလိုပဲ လူတွေကို အန္တရာယ်မဖြစ်စေပါဘူး။ သူတို့ရဲ့အရှည်က ပေ ၄၀ ( ၁၂ မီတာ ) အထိရှည်ပြီး ကမ္ဘာ့ဒုတိယအကြီးဆုံးငါးမန်းတွေဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=360,q=100/92/92dbf03e79099f3ce4d72c871c593714c03d13db.png

(၃) ကျားငါးမန်း ( Tiger ငါးမန်း)

ကျားငါးမန်းတွေဟာ ပုံမှန်အားဖြင့် ၁၀-၁၄ ပေရှည်ပေမယ့် မှတ်တမ်းတွေအရ အရှည်ဆုံးကျားငါးမန်းဟာ ၂၄ ပေ (၇.၃ မီတာ) ရှည်တယ်လို့ ဖော်ပြထားပါတယ်။ အလေးချိန် ၁၅၀၀ ပေါင် ( ၈၀ ကီလိုဂရမ်) ရှိပြီး တစ်နာရီကို မိုင် ၂၀ ထက်ပိုပြီးရေကူးနိုင်ပါတယ်။ သူတို့မှာ ချွန်ထက်တဲ့သွားတွေရှိသလို အရမ်းသန်မာတဲ့အတွက် ပင်လယ်လိပ်တွေရဲ့ အခွံကိုတောင် ကိုက်စားနိုင်ပါတယ်။ သူတို့ဟာ ရေပူရှိတဲ့နေရာတွေမှာနေထိုင်ကြပြီး မျိုးတုန်းဖို့နီးစပ်တဲ့မျိုးစိတ်အဖြစ် သတ်မှတ်ခံထားရပါတယ်။ 

https://s9.kh1.co/__image/w=650,h=366,q=100/a7/a7cd1d2d725bfe56cb2d73f6c0374021495864d6.png

ဒါတွေကတော့ ကမ္ဘာ့ထိပ်တန်းငါးမန်းကြီးတွေအကြောင်းပဲ ဖြစ်ပါတယ်။ အနည်းစုသောငါးမန်းတွေကသာ လူတွေကိုအန္တရာယ်ဖြစ်စေတဲ့အတွက် သင့်အနေနဲ့ငါးမန်းတွေကို အရမ်းကြောက်နေစရာမလိုအပ်ပါဘူး။ 

Van Ngun Lian
Van Ngun Lian

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T