ရင်သပ်ရှုမောဖွယ် အနီရောင်တိရိစ္ဆာန်များ..

//s9.kh1.co/59/59a469bb29e2e8aadf05bfef8671c1c183337a12.jpg
MPT

 ၁၅-မေ-၂၀၂၃ ၁၀am · လွန်ခဲ့သော ၂ နှစ် က

အနီရောင်ချစ်တတ်သူတွေအတွက်..

ကမ္ဘာပေါ်မှာ ထူးခြားအံ့ဩစရာကောင်းတဲ့ တိရိစ္ဆာန်မြောက်များစွာရှိပါတယ်။ အရောင်၊ လက္ခဏာ၊ အသွင်အပြင်၊ အစားအသောက်အားဖြင့် ပုံစံအမျိုးမျိုးကွဲပြားကာ ထူးခြားဆန်းပြားစွာရှင်သန်နေထိုင်ကြပါတယ်။ ဒီထဲကမှာ ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ အနီရောင်တိရိစ္ဆာန်အချို့ကို ဖော်ပြပေးသွားပါမယ်။

(၁) အနောက်တိုင်း အနီရောင်ကင်းမြီးကောက်ငါး

ဩစတေးလျအနောက်ပိုင်း ရော့နက်ကျွန်းစုမှာတွေ့ရတဲ့ အဆိပ်ရှိငါးတွေဖြစ်ပါတယ်။ အနီရောင်ကင်းမြီးကောက်ငါးတွေကို ကမ္ဘာ့အဆိပ်အပြင်းဆုံးငါးအဖြစ်လူသိများပါတယ်။ သူတို့ဟာ ရန်သူတွေမမြင်နိုင်အောင် ကိုယ်ဖျောက်နိုင်စွမ်းရှိပါတယ်။

https://s9.kh1.co/__image/w=650,h=340,q=100/d8/d89977d6357bddde1068f30a3e1ccd6f4ac8653d.jpg

(၂) စတော်ဘယ်ရီ အဆိပ်ခတ်ဖား

စတော်ဘယ်ရီအဆိပ်ခတ်ဖားတွေမှာ ထူးခြားတဲ့ လက္ခဏာများပါရှိပြီး အရောင်ကိုကြည့်ခြင်းအားဖြင့် အခြားမျိုးစိတ်တွေနဲ့ ကွဲကွဲပြားပြားသိနိုင်ပါတယ်။ သူတို့ရဲ့အဆိပ်တွေဟာ အရေပြားတွေမှာပါရှိပြီး ထိလိုက်ရုံနဲ့ အဆိပ်ကိုကူးစက်စေပါတယ်။ သူတို့အဆိပ်က အလွန်ပြင်းထန်ပြီး ပျို့အန်ခြင်း၊ ကြွက်သားလေဖြတ်ခြင်းနှင့် ရောင်ရမ်းခြင်းတွေကို ဖြစ်စေပါတယ်။

https://s9.kh1.co/__image/w=650,h=340,q=100/bf/bfb033197947150c627dbd63dbde4ccef4aa4425.jpg

(၃)အနီရောင်ကလင်ဒါလိပ်ပြာ

အာဖရိကအလယ်ပိုင်းမှာတွေ့ရတဲ့ အလယ်အလတ်စား လိပ်ပြာအမျိုးအစားဖြစ်ပါတယ်။ အမေရိကန်ရှိ သမိုင်းဝင်သဘာဝပြတိုက်တစ်ခုဖြစ်တဲ့ ဂါနီကီ မှာ အနီရောင်ကလင်ဒါလိပ်ပြာထီးကို ပြသထားပါတယ်။

https://s9.kh1.co/__image/w=650,h=485,q=100/4a/4ab0280da97a10f5bcbfed3a010425e5845a4558.jpg

(၄) Siamese တိုက်ခိုက်ရေးငါး

Siamese တိုက်ခိုက်ရေးငါးတွေကို Bettas လို့လည်းခေါ်ကြပါတယ်။ သူတို့ကို အရှေ့တောင်အာရှရဲ့ မြစ်အချို့နှင့် လတ်ဆတ်တဲ့ကန်တွေမှာ တွေ့ရတတ်ပါတယ်။ ဒီလိုတိုက်ခိုက်ရေးငါးထီးနှစ်ကောင်ကို ငါးကန်တစ်ခုတည်းမှာ လဝက်လောက်အတူတူထားမယ်ဆိုရင် အချင်းချင်းတိုက်ခိုက်ပြီး နှစ်ကောင်လုံးသေဆုံးသွားနိုင်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=340,q=100/e4/e46db06f9d210e9b9420fb87e9156264a52277f9.jpg
Van Ngun Lian
Van Ngun Lian

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T