ကမ္ဘာမြေပေါ်ကနေ ဒိုင်နိုဆောတွေ ဘာကြောင့်မျိုးသုဉ်းပျောက်ကွယ်သွားတာလဲ….?

//s9.kh1.co/d4/d4d700619079726c538158bd503fa68986f06a57.jpg
MPT

 ၁၃-မေ-၂၀၂၃ ၄pm · လွန်ခဲ့သော ၃ နှစ် က

ကမ္ဘာမြေပေါ်ကနေ ဒိုင်နိုဆောတွေ ဘာကြောင့်မျိုးသုဉ်းပျောက်ကွယ်သွားတာလဲ….?

ဒိုင်နိုဆောမျိုးစိတ်တွေက လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၂ သန်းမှ ၆၆ သန်းအထိ Mesozoic ခေတ်အတွင်းမှာ နေထိုင်ကျက်စားခဲ့ကြတဲ့ ကမ္ဘာ့အကြီးဆုံး တိရစ္ဆာန်တွေပါ။ အဲ့ဒီအချိန်တုန်းက အသားစားတဲ့ ဒိုင်နိုဆောနှင့် အပင်စား ဒိုင်နိုဆောဆိုပြီး ရှိကြပါတယ်။ ဒိုင်နိုဆောအများစုကတော့ အသားစားကြတာဖြစ်ပါတယ်။ ဒီလို

Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google

ဒိုင်နိုဆောတွေ ကျွန်တော်တို့ ကမ္ဘာမြေပေါ်ကနေ ဘာကြောင့် မျိုးသုဉ်းပျောက်ကွယ်သွားတာလဲ….ကျွန်တော်တို့ ကမ္ဘာပေါ်ရှိ သက်ရှိတွေမျိုးသုဉ်းပျောက်ကွယ်သွားတဲ့ သမိုင်းမှာတော့ ဒိုင်နိုဆောတွေက စိတ်ဝင်စားဖွယ်အကောင်းဆုံးနှင့် လျှို့ဝှက်ဆန်းကြယ်တဲ့ အဖြစ်အပျက် တစ်ခုပါ။ ဒိုင်နိုဆောတွေ မျိုးသုဉ်းသွားတာနဲ့ ပတ်သက်ပြီး  သီအိုရီများစွာရှိပေမယ့် ဂြိုဟ်သိမ်ဂြိုဟ်မွှားထိခိုက်မှု နှင့် မီးတောင်ပေါက်ကွဲမှုများကြောင့်လို့ လူအများစု လက်ခံထားကြပါတယ်။

Photo Credit – From Google
Photo Credit – From Google

သီအိုရီအရဆိုရင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၆ သန်းခန့်က မက္ကဆီကိုနိုင်ငံရှိ Yucatan ကျွန်းဆွယ်အနီးမှာ အလွန်ကြီးမားတဲ့ ဂြိုဟ်သိမ်ဂြိုဟ်မွှားတစ်ခု ၀င်ရောက်တိုက်ခဲ့ပြီး တောမီးလောင်ကျွမ်းခြင်း၊ မြေငလျင်လှုပ်ခတ်ခြင်းအပြင် နေကိုပိတ်သွားလို့ အရမ်းအေးတဲ့ "နျူကလီးယား ဆောင်းရာသီ"ပါ ဖြစ်ပေါ်စေခဲ့တယ်လို့ ဆိုပါတယ်။ အဲ့သလို ရုတ်တရက်ပြောင်းလဲသွားတဲ့ သဘာဝပတ်ဝန်ကျင်နှင့် ရာသီဥတုဒဏ်ကြောင့် ဒိုင်နိုဆောအများစုအပါအဝင် အပင်နှင့် တိရစ္ဆာန်မျိုးစိတ်များစွာအတွက် ကပ်ဘေးဆိုးကြီးကျရောက်ခဲ့ပါတယ်။

Photo Credit – From Google
Photo Credit – From Google

 ဒုတိယသီအိုရီတစ်ခုကတော့ ယခု အိန္ဒိယနိုင်ငံရှိတဲ့ နေရာမှာ မီးတောင်ပေါက်ကွဲခဲ့လို့ ဒိုင်နိုဆောတွေ မျိုးသုဉ်းပျောက်ကွယ်သွားတာလို့ ဆိုပါတယ်။ ဒါပေမယ့် ဒိုင်နိုဆောတွေ မျိုးသုဉ်းသွားရခြင်းရဲ့ အကြောင်းရင်းအတိအကျကို သိပ္ပံပညာရှင်များက ယနေ့တိုင် အခြေအတင် ဆွေးနွေးနေကြဆဲပါ။ ယနေ့ခေတ်မှာ ဒိုင်နိုဆောမျိုးစိတ်တွေ မျိုးသုဉ်ပျောက်ကွယ်သွားပေမယ့် သူတို့ရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတွေကတော့ နိုင်ငံအချို့မှာ အဆက်မပြတ် ပြန်လည်ရှာဖွေထုတ်နေကြပါတယ်။

Photo Credit – From Google
Photo Credit – From Google

သတင်း အရင်းအမြစ် Source - Internet

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T