အခြားငှက်သိုက်တွေမှာ ဝင်ဥတတ်တဲ့ ဥဩငှက်...

//s9.kh1.co/a2/a203741268066086b1a0584b01c853f8b4636818.jpg
MPT

 ၁၁-မေ-၂၀၂၃ ၁pm · လွန်ခဲ့သော ၃ နှစ် က

အသိုက်ဆောက်နေစရာလိုဘဲ သူများအသိုက်ကိုသွားသုံးရုံပဲ...

Common Cuckoo လို့ခေါ်တဲ့ ဥဩငှက်တွေက ကပ်ပါးငှက်တွေမှာ လူသိအများဆုံးငှက်အမျိုးအစားဖြစ်ပါတယ်။ ဥဩငှက်တွေမှာ roadrunners၊ coucals၊ koels၊ couas၊ malkohas နှင့် anis ဆိုတဲ့ မျိုးစိတ်တွေပါဝင်ပါတယ်။ အာရှနှင့် ဥရောပတစ်ခွင်မှာနေထိုင်ကြပြီး ဆောင်းရာသီမှာ အာဖရိကနှင့် အာရှတိုက်တောင်ပိုင်းမှာ ပြောင်းရွှေ့နေထိုင်ကြပါတယ်။ 

https://s9.kh1.co/__image/w=612,h=459,q=100/c2/c296e26cf26aff21d65f4d203a73a3182a4a588c.jpg

အထီးတွေအားလုံးနီးပါးဟာ မီးခိုရောင်တွေဖြစ်နေပေမယ့် အမတွေကတော့ ပန်းရောင် (သို့မဟုတ်) နီညိုရောင် အနည်းငယ်ရောစပ် ပါဝင်တတ်ပါတယ်။ ဥရောပမှာတွေ့ရတဲ့ သိမ်းငှက်ငယ်လေးတွေပုံစံယောင်ဆောင်ပြီး အခြားငှက်တွေရဲ့အသိုက်မှာ ဥဥလေ့ရှိကြပါတယ်။ ဒီနည်းလမ်းကို အသုံးပြုပြီး တေးဆိုငှက်၊ အမြှီးနီငှက်၊ ငှက်ရဟတ်၊ သပိတ်လွယ်ငှက်၊ စာငှက် စတဲ့ငှက်တွေအပြင် အခြားငှက်ပေါင်း (၁၀၀) ကျော်ရဲ့ အသိုက်တွေမှာ ဥဥတတ်ကြပါတယ်။ 

https://s9.kh1.co/__image/w=480,h=360,q=100/f3/f3e2c8020a8e29f9f8e3cc52babe7e183e8299ed.jpg

မျိုးပွားရာသီတစ်လျှောက်လုံးမှာ ဥဩငှက်အမတွေဟာ မတူညီတဲ့အသိုက် တစ်ဒါဇင်လောက်မှာ ဥဥနိုင်ပါတယ်။ တစ်ခါတစ်ရံမှာ ဥဩငှက်အမတွေဟာ သူတို့ဥတွေကို အခြားငှက်တွေက မသိနိုင်စေဖို့နှင့် အသိုက်ကို စွန့်ပစ်မသွားဖို့အတွက် သူမဥနဲ့ပုံစံတူတဲ့ အသိုက်တွေမှာ သွားဥတတ်ပါတယ်။ 

https://s9.kh1.co/__image/w=612,h=408,q=100/95/955d3ae79eee0a5ee95f13df6de6fda4c5750f68.jpg

သားပေါက်လေးတွေထွက်လာတဲ့အခါ ဥဩငှက်တွေဟာ သူတို့သားပေါက်ကလွဲပြီး ကျန်တဲ့ဥတွေအကုန်လုံးကို ဖယ်ရှားပစ်ကြပါတယ်။ တကယ်လို့ အခြားဥတွေက အရင်ပေါက်လာခဲ့ရင်လည်း အစာတွေကိုလက်ဝါးကြီးအုပ်နိုင်ဖို့အတွက် အခြားသားပေါက်တွေကို ဖယ်ရှားတတ်ကြပါတယ်။ 

https://s9.kh1.co/__image/w=650,h=340,q=100/47/47d3ceab451bcf834771450004bf7ca9532f9f5e.jpg

ဥဩငှက်တွေလိုပဲ တစ်ခြားအသိုက်မှာ ဥဥတတ်တဲ့ ထူးထူးခြားခြားငှက်သိုက်တွေလည်းရှိပါတယ်။ 

Van Ngun Lian
Van Ngun Lian

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T