တွားသွားသတ္တဝါတွေထဲမှာ အဆိုးဆုံးအဖြစ်သတ်မှတ်ခံရတဲ့ Gila Monster ဖွတ်..

//s9.kh1.co/a6/a663c6d2fca0ce0c760b2518bf376d9034e310af.jpg
MPT

 ၁၁-မေ-၂၀၂၃ ၉am · လွန်ခဲ့သော ၂ နှစ် က

အဆိပ်ပါတဲ့ ဖွတ်အမျိုးအစားပါ..

ကီလာဖွတ်ဘီလူးတွေကို တွားသွားသတ္တဝါတွေထဲမှာ အဆိုးဆုံးကောင်အဖြစ်တောင် သတ်မှတ်ထားကြပါတယ်။ သူတို့ကျက်စားရာအနီးအနားမှာရှိတဲ့ ဒေသခံတွေရဲ့ရိုးရာပုံပြင်တွေမှာ ကြောက်စရာကောင်းပြီး ရွံရှာစရာကောင်းတဲ့တိရစ္ဆာန်တွေအဖြစ် ဖော်ပြထားကြပါတယ်။ အဆိပ်တွေကို ထွေးထုတ်ခြင်း၊ လေထဲတွင် ခုန်အုပ်ပြီးတိုက်ခိုက်ခြင်း၊ လျှာနဲ့အသားထဲကို ထိုးသွင်းခြင်းနှင့် အဆိပ်ပြင်းတဲ့လေမှုတ်ထုတ်ခြင်းအားဖြင့် လူတွေကို သေစေနိုင်ခြင်းတို့ကြောင့် အန္တရာယ်များတဲ့ တိရစ္ဆာန်တွေအဖြစ် သတ်မှတ်ထားကြတာဖြစ်ပါတယ်။  

https://s9.kh1.co/__image/w=650,h=366,q=100/04/04398a938ba53ebb4dc5f3c8f4e6de26d4cb29db.jpg

ဒီကောင်တွေမှာ လေးလံတဲ့ခန္ဓာကိုယ်ရှိပြီး Osteoderms လို့ခေါ်တဲ့ ပတီးပုံအကြေးခွံတွေနဲ့ ဖုံးအုပ်ထားပါတယ်။ သူတို့ရဲ့အဆိပ်ကို အောက်ဖက်မေးရိုးမှာရှိတဲ့ အတန်းလိုက်ဂလင်းတွေထဲက ထုတ်ပေးတာပါ။ ဒီဖွတ်ကောင်တွေအကိုက်ခံရတဲ့အခါ အဆိပ်တွေဟာ သူတို့ရဲ့သေးငယ်တဲ့သွားလေးတွေကတစ်ဆင့် ကူးစက်ပါတယ်။ အကိုက်ခံရတဲ့အခါ သူတို့ကိုလွယ်လွယ်ခွာချလို့မရပါဘူး။ အသားအတွင်းထဲထိ အဆိပ်တွေစိမ့်နေအောင်ကိုက်ဖြတ်တတ်ပြီး စက္ကန့်အတော်ကြာအောင် ထိန်းထားတတ်ကြပါတယ်။ 

https://s9.kh1.co/__image/w=650,h=366,q=100/5d/5d12d837947656d351fffa1af5581ee2c8195834.jpg

သူတို့က လူတွေကိုကိုက်လိုက်တဲ့အခါ အရမ်းနာကျင်ပြီး သေစေနိုင်ပါတယ်။ ဒါပေမယ့် သူတို့ဟာ လူနှင့် အခြားကြီးမားတဲ့တောရိုင်းတိရစ္ဆာန်တွေကို ရှောင်လေ့ရှိပါတယ်။ သားကောင်တွေကို အန္တရာယ်မပေးခင် ပါးစပ်ကိုကျယ်ကျယ်ဖွင့်ပြီး နှောင့်ယှက်ခြင်းဖြင့် သတိပေးတတ်ကြပါတယ်။ သင့်အနေနဲ့ သူတို့ကို ထိပ်တိုက်တွေ့ခဲ့ရင် အမြန်ဆုံးရှောင်ဖို့တော့ လိုအပ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=650,q=100/d9/d976a59466baee98be4da9eaf45d79043eb7c329.jpg

ကီလာဖွတ်ဘီလူးတွေဟာ တောထဲမှာ နှစ် ၂၀ ခန့်သာ အသက်ရှင်ကြပေမယ့် သေချာစောင့်ရှောက်မယ်ဆိုရင် နှစ် ၃၀ ကျော် အသက်ရှင်နိုင်ပါတယ်။ ၂၁.၅ လက်မခန့်ရှည်ပြီး အလေးချိန် ၁.၅-၃ ပေါင်အထိရှိပါတယ်။ 

https://s9.kh1.co/__image/w=650,h=538,q=100/e6/e69f3a136daf26264c10b7f5add73be9d0bb65f8.jpg
Van Ngun Lian
Van Ngun Lian

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T