တိုက်ခိုက်ရေးအကျွမ်းကျင်ဆုံး ခွေးအမျိုးအစားဖြစ်တဲ့ Pit Bull Terriers..

//s9.kh1.co/c1/c15dec04536b95c843efe9fe8cc84ad0176cc86c.jpg
MPT

 ၁၀-မေ-၂၀၂၃ ၁၀am · လွန်ခဲ့သော ၂ နှစ် က

အိမ်မွေးခွေးအဖြစ်မွေးရင် ပိုချစ်စရာကောင်းပါတယ်...

Pit Bull Terriers ဆိုတာကတော့ ကမ္ဘာ့အကြမ်းဆုံး တိုက်ခိုက်ရေးခွေးတွေပဲဖြစ်ပါတယ်။ Pit Bull နှင့် Terriers ‌ခွေးတွေမျိုးစပ်ပြီးရလာတဲ့ ခွေးအမျိုးအစားတစ်ခုပါ။ အမေရိကန်မှာအစပြုတဲ့အတွက် American Pit Bull Terriers လို့လည်း ခေါ်ကြပါတယ်။ ရဲရင့်ပြီး ဖော်ရွေတဲ့အပြင် ဉာဏ်ရည်လည်းထက်မြက်တဲ့ ခွေးအမျိုးအစားဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=340,q=100/9f/9f90262b99764b16f0c7e837aac60edcede911f5.jpg

သူတို့ဟာ အလေးချိန်အားဖြင့် (၃၅-၆၀) ပေါင် ပဲရှိပေမယ့် သူတို့ထက်အဆမတန်ကြီးတဲ့ ခွေးတွေကိုလည်း အနိုင်တိုက်ခိုက်နိုင်ပါတယ်။ သူတို့ဟာ တိုက်ခိုက်ရေးပိုင်းမှာ ကျွမ်းကျင်ရုံသာမက ခံနိုင်ရည်အားအတော်ကောင်းတဲ့ခွေးတွေလည်းဖြစ်ပါတယ်။ ဒါကြောင့် Pit Bull Terriers တွေကို ခွေးအချင်းချင်းတရားမဝင်တိုက်ခိုက်ဖို့အတွက် လူမဆန်စွာ မွေးမြူလေ့ကျင့်ပေးခဲ့ကြပါတယ်။ 

https://s9.kh1.co/__image/w=650,h=434,q=100/ec/ec0a638f4457cab4cc604d5ad5432d7c9a1f8e58.jpg

ဒီလိုခွေးတွေမှာ သူတို့သခင်ကိုအရမ်းချစ်တတ်တဲ့ စိတ်ရှိပါတယ်။ တရားမဝင်ခွေးရန်ပွဲတွေမှာတောင် သခင်တွေကိုယ်တိုင်က သူတို့ခွေးကို ကြိုးနဲ့ထိန်းပေးရပါတယ်။ အကြောင်းကတော့ ဒီလိုခွေးတွေက သူ့သခင်ကို ရန်မပြုတတ်လို့ပါ။ ဒါပေမယ့် အချို့ခွေးပိုင်ရှင်တွေဟာ သူတို့‌ခွေးတွေကို ရက်စက်တဲ့စိတ်ထားတွေဖြစ်ပေါ်လာစေဖို့ ညှင်းပန်း‌နှိပ်စက်တတ်ကြပါတယ်။ ဒီလိုသခင်ကိုပိုင်ဆိုင်ထားတဲ့ Pit Bull Terriers ‌တွေဟာ ရက်စက်ကြမ်းကြုတ်ပြီး အန္တရာယ်များပါတယ်။ 

https://s9.kh1.co/__image/w=650,h=408,q=100/04/045633f28908309669b8547838cfaa58f752cad2.jpg

တကယ်တော့ Pit Bull Terriers ခွေးတွေဟာ ချစ်တတ်ပြီး သစ္စာရှိတဲ့အပြင် ကလေးတွေလိုပဲ အဆော့မက်တဲ့ခွေးတွေပါ။ အိမ်မွေးတိရိစ္ဆာန်အဖြစ်မွေးရင်တောင် အဖော်ကောင်းဖြစ်မယ့်ခွေးလေးတွေ ဖြစ်ပါတယ်။ သူတို့မေးရိုးကို မသုံးဖို့အတွက် ငယ်ငယ်ကတည်းက ကောင်းကောင်းပြုစုပျိုး‌‌ထောင်ဖို့တော့ လိုအပ်ပါတယ်။ သူတို့ရဲ့သက်တမ်းက ၈ နှစ်မှ ၁၅ နှစ် အတွင်းရှိပါတယ်။ 

https://s9.kh1.co/__image/w=650,h=434,q=100/4f/4f54f2132db8f4b14f20eaab0d707d844c59bbbf.jpg
Van Ngun Lian
Van Ngun Lian

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T