သင်မသိသေးတဲ့ ကျားတွေရဲ့ ထူးထူးခြားခြားအချက်များ..

//s9.kh1.co/6b/6b182ef051ad9ee808181e32b46cee377057e0d6.jpg
MPT

 ၀၈-မေ-၂၀၂၃ ၂pm · လွန်ခဲ့သော ၃ နှစ် က

ဘယ်အချက်တွေကို သင်သိပြီးပြီလဲ..

ကျားတွေဟာ လှပပြီးတော့ ခွန်အားကြီးတဲ့ ကြောင်မျိုးစိတ်တွေဖြစ်ကြပါတယ်။ ရိုင်းစိုင်းပြီး အသားစားတဲ့သတ္တဝါတွေဖြစ်တဲ့အတွက် လူတွေအတွက်တော့ အန္တရာယ်ရှိတဲ့အကောင်တွေပါ။ ကျားတွေကို သင်မြင်ဖူးနိုင်ပေမယ့် သူတို့မှာ သင်မသိသေးတဲ့ လျှို့ဝှက်ချက်များစွာရှိပါတယ်။ အဲ့အချက်တွေထဲက အချို့ကိုဖော်ပြပေးသွားပါမယ်။ 

https://s9.kh1.co/__image/w=650,h=366,q=100/d7/d7623dd5552c5eea93959cf479519c4e52a48c0d.jpg
  • ကျားတွေဟာ တောကြောင်မျိုးစိတ်တွေထဲမှာ အကြီးဆုံးသတ္တဝါဖြစ်ပါတယ်။ Royal Bengal Tigers အမျိုးအစား ကျားအထီးတွေဟာ အလေးချိန် ၃၀၀ ကီလိုဂရမ်ထိရှိပါတယ်။ ဒီအလေးချိန်ဟာ ပျမ်းမျှလူခြောက်ယောက်ရဲ့အလေးချိန်နဲ့ညီမျှပြီး သင့်ရှေ့ရောက်လာခဲ့ရင် ရုတ်တရက်လန့်သေနိုင်တဲ့ အရွယ်အစားလောက်ရှိပါတယ်။  
  • ကျားတွေဟာ နေ့အချိန်ထက် ညအချိန်မှာ အမဲလိုက်ခြင်းကို ပိုပြီးနှစ်သက်ကြပါတယ်။ ကျားတွေအားလုံးက ညအချိန်မှာ အမဲမလိုက်ကြပေမယ့် အများစုကတော့ ညအချိန်မှသာ အမဲလိုက်တတ်ကြပါတယ်။ အကြောင်းကတော့ နေ့အချိန်မှာ လူတွေရဲ့အန္တရာယ်ကို ကာကွယ်နိုင်ဖို့နှင့် သားကောင်တွေကို အငိုက်ဖမ်းရာမှာ ပိုမိုလွယ်ကူလို့ဖြစ်ပါတယ်။ 
  • ကျားသားပေါက်လေးတွေဟာ မွေးကင်းစအရွယ်မှာ ဘာမှမမြင်နိုင်ဘဲ မိခင်ရဲ့ရနံ့အတိုင်းသာလိုက်သွားရပါတယ်။ ဒါကြောင့် ကျားသားပေါက်အများစုဟာ ငတ်မွတ်ခြင်းနှင့် အအေးမိရောဂါကြောင့်သေဆုံးကြပြီး အနည်းစုသာအသက်ရှင်ကြပါတယ်။ အချို့ကျားထီးတွေဟာ ကျားမတွေကိုမိတ်လိုက်ချင်တဲ့အတွက် သားပေါက်လေးတွေကို စားပစ်လိုက်ကြပါတယ်။ 
  • ကြောင်တွေနဲ့မတူဘဲ ကျားတွေဟာရေကူးခြင်းကိုနှစ်သက်ပါတယ်။ ကျားတွေဟာ ရေထဲမှာတောင်ခွန်အားကြီးပြီး သတ်ပုတ်နိုင်စွမ်းရှိပါတယ်။ အရွယ်ရောက်ပြီးတဲ့ကျားတွေဟာ တစ်ရက်ကို ၃၀ ကီလိုမီတာထိ ရေကူးနိုင်ပါတယ်။  
  • ကျားတွေဟာ အခြားကြောင်မျိုးစိတ်တွေနဲ့လည်း မိတ်လိုက်နိုင်ပါတယ်။ ဥပမာ- ကျားထီးဟာ ခြင်္သေ့မနဲ့မိတ်လိုက်တဲ့အခါ အကြီးဆုံးကြောင်မျိုးစိတ်ဖြစ်တဲ့ မျိုးစပ်သတ္တဝါ Tigon ကို ရလာပါတယ်။ Tigon တွေဟာ Liger တွေထက် ပိုမိုကြီးထွားနိုင်ပါတယ်။ Liger ဆိုတာ ခြင်္သေ့အထီးနှင့် ကျားအမတို့ မိတ်လိုက်ပြီးရလာတဲ့ မျိုးစပ်သတ္တဝါဖြစ်ပါတယ်။ 
https://s9.kh1.co/__image/w=650,h=366,q=100/9c/9cc923cf1129c5ce52880ba9343abec105f23d1e.png
https://s9.kh1.co/__image/w=650,h=366,q=100/2b/2bba17e60e84510ac60fd0e36d5c4e3f459a6c01.png
https://s9.kh1.co/__image/w=650,h=366,q=100/7a/7a641dde4bbfdc83e46fd6a467b99ad8560ed209.png
Van Ngun Lian
Van Ngun Lian

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T