ကမ္ဘာ့အသေးဆုံး အသားစားသတ္တဝါဖြစ်တဲ့ ဥရောပဖျံ...

//s9.kh1.co/24/24c09cabc777c4fa2454e0a2b02ef07c3ed687e3.jpg
MPT

 ၀၈-မေ-၂၀၂၃ ၁၂pm · လွန်ခဲ့သော ၂ နှစ် က

အကောင်သေးပေမယ့် အားကြီးတဲ့ဖျံမျိုးစိတ်..

ဥရောပဖျံတွေဟာ ကမ္ဘာ့အသေးဆုံး အသားစားသတ္တဝါတွေဖြစ်ပါတယ်။ သူတို့ကို ဩစတေးလျနှင့် ၎င်းရဲ့ကျွန်းဆွယ်တွေကလွဲပြီး ကျန်တဲ့တိုက်ကြီးအားလုံးမှာတွေ့ရပါတယ်။ ဖျံတွေဟာ သူတို့ရဲ့အရွယ်အစား၊ အရောင်နှင့် အမူအကျင့်တွေအပေါ်မူတည်ပြီး အမျိုးအစားများစွာကွဲပြားကြပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/aa/aa21ee449898be7a1623a6260c18e01ff1db6572.jpg

ဥရောပဖျံ သို့မဟုတ် အနည်းဆုံးဖျံလို့ လူသိများတဲ့ဖျံတွေဟာ သေးငယ်ပြီး ရက်စက်ကြမ်းကြုတ်တဲ့ အသားစားသတ္တဝါဖြစ်ပါတယ်။ သူတို့ဟာ ကမ္ဘာတစ်ဝှမ်းလုံးမှာ ပျံ့နှံ့နေထိုင်ကြပြီး ကမ္ဘာ့မြောက်ခြမ်းမှာ ပိုမိုတွေ့ရှိနိုင်ပါတယ်။ အရွယ်အစားအားဖြင့် နှာခေါင်းမှ အမှီးထိ (၆) လက်မထက်ပိုမရှည်ကြပါဘူး။

https://s9.kh1.co/__image/w=450,h=337,q=100/23/23387d951ee7600ef8d532b4476062f6eecf62d2.jpg

ဥရောဖျံတွေဟာ သူတို့ရဲ့ဘဝတစ်လျှောက်လုံးကို နို့တိုက်သတ္တဝါငယ်လေးတွေကို အမဲလိုက်ရင်း ကုန်ဆုံးစေပါတယ်။ သူတို့ဟာ နေရာဒေသနှင့်အရွယ်အစားအပေါ်မူတည်ပြီးတော့ တစ်ကောင်တည်းလှည့်လည်နေထိုင်တတ်တဲ့ တိရိစ္ဆာန်တွေဖြစ်ပြီး မိတ်လိုက်တဲ့ခါမှသာ အထီးနှင့်အမကို ယှဥ်တွဲတွေ့ရမှာဖြစ်ပါတယ်။ သူတို့ဟာအရွယ်အစားသေးငယ်ပေမယ့် အားကောင်းပြီး သန်မာတဲ့အတွက် သူတို့ထက် အရွယ်အစားကြီးတဲ့တိရိစ္ဆာန်တွေကိုတောင် သတ်နိုင်တဲ့အစွမ်းအစရှိပါတယ်။ ပတ်ဝန်းကျင်ကိုအကောင်းဆုံးရှုမြင်နိုင်ဖို့အတွက် သူတို့ရဲ့ဝမ်းဗိုက်ပိုင်းမှာရှိတဲ့ အဖြူရောင်အမွေးတွေကိုဖော်ပြပြီး နောက်ခြေထောက်တွေနဲ့ မတ်မတ်ထိုင်ကာ စူးစမ်းလေ့လာတတ်ပါတယ်။ 

https://s9.kh1.co/__image/w=450,h=600,q=100/03/03e197997d333785befdd34b7ab65333157c258f.jpg

ဖျံကောင်တွေအချင်းချင်းတည့်တဲ့အချိန်က မိတ်လိုက်တဲ့အချိန်ဖြစ်ပါတယ်။ မိတ်လိုက်ပြီး ငါးပတ်ခန့်အကြာမှာ ဖျံသားပေါက် (၁-၇) ကောင်ထိ မွေးဖွားတတ်ကြပါတယ်။ ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ ဖျံကောင်လေးတွေဟာ သူတို့မိခင်ကိုထားခဲ့ပြီး ကိုယ်တိုင်အစာရှာထွက်တတ်ကြပါတယ်။ 

https://s9.kh1.co/__image/w=650,h=415,q=100/68/68639bc704b081340950485455c256c3ae30d2ee.jpg

ဖျံလေးတွေဟာ သုံးနှစ်လောက်ထိအသက်ရှင်နိုင်ပေမယ့် (၂-၃) အရွယ်လောက်ရှိတဲ့ ဖျံမတွေဟာ ကောင်းမွန်စွာမျိုးပွားနိုင်စွမ်းမရှိတော့ပါဘူး။ အထီးတွေကတော့ သူတို့မသေခင်အထိ သားကောင်တွေကို ကောင်းကောင်းမွန်မွန်ရှာဖွေနိုင်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=556,q=100/14/146433162697b626f32d0bce4b25aa23ed1b7123.jpg
Van Ngun Lian
Van Ngun Lian

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T