တစ်ချို့မြွေတွေက ဥအဖြစ်မျိုးပွားပြီး အချို့မြွေတွေက ဘာကြောင့် အကောင်လိုက်မျိုးပွားကြတာလဲ...

//s9.kh1.co/f0/f0ecd46b35e8281b006dfe41b424087010326a71.jpg
MPT

 ၀၅-မေ-၂၀၂၃ ၃pm · လွန်ခဲ့သော ၃ နှစ် က

ကွာခြားမှုတွေအများကြီးမရှိပါဘူး..

မြွေတွေဟာ သူတို့ရဲ့ခန္ဓာကိုယ်ကို နွေးထွေးစေဖို့အတွက် နေရဲ့အပူကို မှီခိုအားထားရတဲ့ ecothermic တွားသွားသတ္တဝါတွေဖြစ်ပါတယ်။ လူတွေနဲ့ မတူတဲ့အချက်က မြွေတွေဟာ သူတို့ရဲ့ ခန္ဓာကိုယ် အပူချိန်ကို ထိန်းညှိလို့ မရပါဘူး။ ဒါကြောင့် တွားသွားသတ္တဝါတွေလိုပဲ မြွေတွေအားလုံး ဥအဖြစ်မျိုးပွားတယ်လို့ ယူဆနိုင်ပေမယ့် အချို့မြွေတွေက အကောင်လိုက် မွေးကြပါတယ်။ မြွေမျိုးစိတ်တွေမှာပဲ ဒီလိုမျိုးပွားနည်း နှစ်မျိုးလုံးကို တွေ့ရတတ်ပါတယ်။ ဒီလိုဆို ဘာကြောင့်အချို့မြွေတွေက ဥအဖြစ်မျိုးပွားပြီး အချို့က အကောင်လိုက်မျိုးပွားကြတာလဲ..။

https://s9.kh1.co/__image/w=650,h=397,q=100/8e/8e5e79c0d8381783f3b9492e1c0db1a59c62b561.jpg

မြွေအများစုက ဥမှ သားပေါက်ကြတဲ့အတွက် ဒီနည်းလမ်းကအရမ်းမထူးဆန်းပါဘူး။ မြွေမဟာ မြွေထီးနဲ့သံဝါသပြုပြီး သားပေါက်လေးတွေကို ဥအဖြစ် သူမဝမ်းဗိုက်ထဲမှာ လွယ်ထားကြပါတယ်။ ထို့နောက် ဥတွေရင့်မာလာတဲ့အခါ သူမရဲ့အသိုက် သို့မဟုတ် လူအရောက်အပေါက်နည်းတဲ့တွင်းတစ်ခုမှာ ဥအဖြစ်မျိုးပွားလေ့ရှိကြပါတယ်။ မျိုးစိတ်အပေါ်မူတည်ပြီး အချို့ကအကောင်ပေါက်တဲ့အထိ စောင့်ရှောက်ကြပေမယ့် အချို့က ဒီတိုင်းစွန့်ပစ်ခဲ့ကြပါတယ်။ 

https://s9.kh1.co/__image/w=650,h=366,q=100/a1/a12192e7ed6efec3b1140af0564bef8b32576d43.jpg
https://s9.kh1.co/__image/w=600,h=424,q=100/9f/9f2b411e503f05218151a3edbd8c776f25325bbd.jpg

အကောင်လိုက်မွေးတဲ့ မြွေတွေဟာလည်း မြွေထီးနဲ့သံဝါသပြုပြီး မြွေလေးတွေကို ဥအဖြစ်သာလွယ်ထားကြတာဖြစ်ပါတယ်။ သူတို့က ဥတွေရင့်မာနေရင်တောင် ထုတ်မပစ်ဘဲ သူတို့အတွင်းထဲမှာသာ သားပေါက်စေပြီး အကောင်လိုက်မျိုးပွားကြပါတယ်။ ဒီလိုအကောင်လိုက်မျိုးပွားတဲ့ သားပေါက်လေးတွေဟာ နာရီပိုင်းအတွင်း လိုအပ်တဲ့အစာကို သူတို့ကိုယ်တိုင်ရှာဖွေနိုင်ပါတယ်။ 

https://s9.kh1.co/__image/w=569,h=686,q=100/1f/1f424fcf6504db0973aaaabed2b8f0e8b09b9bef.jpg

ယေဘုယျအားဖြင့် မြွေတွေအားလုံးဟာ ဥအဖြစ်သာကိုယ်ဝန်လွယ်ထားကြပါတယ်။ မွေးဖွားတဲ့အခါမှသာ ဥအဖြစ်မွေးဖွားတဲ့မြွေနှင့် အကောင်လိုက်မွေးဖွားတဲ့မြွေအဖြစ် ကွဲသွားတာဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=602,h=452,q=100/c5/c5821d8c0ddc816b09282eda84ff6466b5c89145.jpg
Van Ngun Lian
Van Ngun Lian

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T