ကမ္ဘာ့အကြီးဆုံးအရွက်အဖြစ်သတ်မှတ်ခံထားရတဲ့ ကြာရွက်မျိုးစိတ်..

//s9.kh1.co/e4/e4ba759379b666bb27b778e5a939c76c9a730693.jpg
MPT

 ၀၂-မေ-၂၀၂၃ ၁၁am · လွန်ခဲ့သော ၃ နှစ် က

ဒီလောက်ကြီးတဲ့အရွက် ရှိမယ်မထင်ထားဘူး..

Victoria boliviana အမျိုးအစားကြာရွက်တွေဟာ ကမ္ဘာ့အကြီးဆုံးကြာရွက်တွေပဲဖြစ်ပါတယ်။ သူတို့ဟာ လူနှစ်ယောက်လွတ်လွတ်လပ်လပ်အိပ်လို့ရတဲ့ အရွယ်အစားလောက်ရှိပါတယ်။ ကမ္ဘာ့အကြီးမားဆုံးအဖြစ်သတ်မှတ်ခံထားရတဲ့ Victoria Amazonica ရွက်ဟာ အချင်း ၃.၂ မီတာ (၁၀ ပေ ၆ လက်မ) ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် အစွန်းထွက်နေတဲ့ အရွက်ရဲ့အမြင့်ဟာ ၁၇ စင်တီမီတာ (၆.၇ လက်မ) ရှိပါတယ်။ အမြင့်ပါပေါင်းထည့်လိုက်ရင် သူ့ရဲ့အချင်းဟာ ၃.၃၇ မီတာ ( ၁၁ ပေ) လောက်ရှိပါတယ်။ ဒီအရွက်ကို ဘိုလီးဗီးယားနိုင်ငံ၊ Santa Cruz de la Sierra ရှိ La Rinconada ဂေဟဗေဒပန်းခြံမှာ စိုက်ပျိုးခဲ့တာပါ။

https://s9.kh1.co/__image/w=650,h=415,q=100/2d/2d3a28a036dff7f942ccdde0b01a9fd906acb07e.jpg

ဒါ့အပြင် Victoria boliviana ရွက်တွေဟာ အရွက်ရဲ့အပိုင်းခွဲမရှိတဲ့ ကမ္ဘာ့အကြီးဆုံးကြာရွက်အဖြစ်လည်း မှတ်တမ်းတင်ထားပါသေးတယ်။ ဒီအရွက်တွေကို တောင်အမေရိကတိုက်မှာရှိတဲ့ အမေဇုန်တောမှာ များစွာတွေ့ရတတ်ပါတယ်။ 

https://s9.kh1.co/__image/w=640,h=480,q=100/40/40a5026f492a1d4faa418e692deef7d854951159.jpg
https://s9.kh1.co/__image/w=650,h=432,q=100/2f/2ff03d1b0a1ae601e20847a2df04239c746b9bc7.jpg

ဒီအရွက်တွေမှာ ပါရှိတဲ့အစေ့တွေက ဆေးဝါးအဖြစ်အသုံးဝင်သလို ဆံပင်ဆိုးဆေးအဖြစ်လည်း အသုံးပြုကြပါတယ်။ ဒါ့ကြောင့် ဒီလိုကြာရွက်တွေကို စီးပွားအဖြစ်လည်း စိုက်ပျိုးထားကြပါတယ်။ ကြာရွက်ဆိုတဲ့အတိုင်း Victoria boliviana ရွက်တွေကို ရေပြင်ပေါ်မှာသာ စိုက်ပျိုးရတာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/64/64f9ac94aad897a27c4ab64d21a1261edd53b066.jpg
Van Ngun Lian
Van Ngun Lian

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T