ဉာဏ်ရည်အမြင့်ဆုံး ခွေးအမျိုးအစားများ..

//s9.kh1.co/e7/e79d4807b5fe44f2ecb1a80973ece2ddb5c4cb1e.jpg
MPT

 ၀၂-မေ-၂၀၂၃ ၁၀am · လွန်ခဲ့သော ၂ နှစ် က

ခွေးလေးတွေဟာ လူတွေအတွက် အဖော်ကောင်းလေးပါ..

ကမ္ဘာ့နိုင်ငံတစ်ဝှမ်းမှာ ခွေးလေးတွေဟာ လူကြိုက်အများဆုံး အိမ်မွေးတိရစ္ဆာန်ဖြစ်ပါတယ်။ သူတို့လေးတွေဟာ အိမ်စောင့်ပြီး သူခိုးရန်က ကာကွယ်ပေးနိုင်သလို အတူတူဆော့ကစားလို့ရတဲ့ အဖော်မွန်ကောင်းတွေလည်းဖြစ်ပါတယ်။ ဒါ့အပြင် စစ်တပ်ထဲမှာ ရန်သူတွေရဲ့တည်နေရာကိုရှာဖွေဖို့ အနံ့ခံကောင်းတဲ့ခွေးတွေကို အသုံးပြုကြပါတယ်။ ဒီလိုခွေးတွေထဲကမှာ ဉာဏ်ရည်အမြင့်ဆုံးအဖြစ်သတ်မှတ်ထားတဲ့ ခွေးသုံးမျိုးကို ဖော်ပြပေးသွားပါမယ်။ 

Border Collie

ခွေးလောကကျွမ်းကျင်သူတွေက Border Collie လေးတွေကို ဉာဏ်ရည်အမြင့်ဆုံးအဖြစ် သတ်မှတ်ထားကြပါတယ်။ သူတို့ဟာ အမိန့် ၅ ခုလောက်ကို ဆက်တိုက်လိုက်နာနိုင်ပြီး ၉၅% ခန့် ကို သေချာအောင်ပြုလုပ်နိုင်စွမ်းရှိပါတယ်။ Border Collie ကို သိုးထိန်းခွေးလို့လည်း ခေါ်တတ်ကြပါတယ်။ 

၁၈-၂၂ လက်မ အမြင့်ရှိပြီး ၃၀-၅၅ ပေါင်အလေးချိန်ရှိပါတယ်။ သက်တမ်းကတော့ ၁၂-၁၅ နှစ် ကြားရှိပါတယ်။ 

https://s9.kh1.co/__image/w=650,h=652,q=100/ac/acdef236c9912d68251a22ea3aa2e78bd0f3675a.jpg

Poodle

Poodle လေးတွေဟာ အရမ်းချစ်စရာကောင်းပြီး ဉာဏ်ရည်မြင့်တဲ့အတွက် အများစုက ဂရုတစိုက်မွေးမြူကြပါတယ်။ ရွှေရောင် Poodle လေးတွေကို ချစ်စရာကောင်းလို့ မွေးမြူကြပေမယ့် မွေးပြီးတဲ့အခါ ဉာဏ်ရည်နှင့်သင်ယူနိုင်စွမ်းကို ပိုပြီးနှစ်သက်တတ်ကြပါတယ်။ 

Poodle လေးတွေဟာ အမျိူးအစားအလိုက် အမြင့်နှင့် အလေးချိန်ကွာနိုင်ပြီး ၁၀-၂၂ လက်မ၊ ၆-၇၀ ပေါင် ခန့် ရှိနိုင်ပါတယ်။ သက်တမ်းကတော့ ၁၂-၁၅ နှစ် ကြား ရှိနိုင်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=650,q=100/5e/5e2c7d341805cf62efd2602efb477ff6116e7d26.jpg

German Shepherd

German Shepherd သိုးထိန်းခွေးတွေဟာ အမဲလိုက်ရာမှာ  အထူးကျွမ်းကျင်တဲ့အပြင် အနံ့ခံကောင်းတာကြောင့် ရဲတွေက သူတို့ရဲ့အဓိက လက်ထောက်တွေအဖြစ်အသုံးပြုကြပါတယ်။ ရန်သူတွေကို ရှာဖွေဖို့အတွက်သော်လည်းကောင်း၊ ဆေးဝါးအကူအဖြစ်သော်လည်းကောင်း အသုံးပြုကြတဲ့အတွက် သူတို့ရဲ့လုပ်ဆောင်နိုင်စွမ်းကိုတော့ အထူးချီးမွမ်းစရာတောင် မလိုတော့ပါဘူး။

၂၂-၂၆ လက်မခန့် အမြင့်ရှိပြီး အလေးချိန် ၅၀-၉၀ ပေါင်ခန့်ရှိပါတယ်။ အရွယ်အစားကြီးမားတဲ့ ခွေးအမျိုးအစားလို့ ဆိုနိုင်ပါတယ်။ သက်တမ်းကတော့ ၇-၁၀ နှစ်ခန့် ရှိပါတယ်။ 

https://s9.kh1.co/__image/w=650,h=651,q=100/94/94afedb3596fd9be76ce4ec2c25abefd41cbffef.jpg
Van Ngun Lian
Van Ngun Lian

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T