ကမ္ဘာပေါ်မှာ အကြီးဆုံး နွားမျိုးစိတ်ဆိုရင် ဘယ်မျိုးစိတ်ကို သွားထင်မိလဲ…?။ ကမ္ဘာတစ်ဝှမ်းမှာ နွားမျိုးစိတ်ပေါင်း ၁၀၀၀ ကျော်ရှိသည့်အနက် အကြီးဆုံး နွားမျိုးစိတ်မှာ အီတလီနိုင်ငံမှာ မွေးမြူကြတဲ့ Chianina နွားများဖြစ်ပါတယ်။ အခြားနွားမျိုးစိတ်တွေနဲ့ မတူကတော့ Chianina နွားတွေဟာ ခန္ဓာကိုယ်ကျစ်လျစ် တောင့်တင်းပြီး အရွယ်အစားအားဖြင့် ကြီးမားကြပါတယ်။


အရွယ်ရောက်ပြီးတဲ့ နွားထီးတစ်ကောင်ဆိုရင် အရပ် ၆ ပေထိမြင့်ပြီး ပေါင် ၃၅၀၀ (၁၆၀၀ ကီလိုဂရမ်) အလေးချိန်ထိရှိပါတယ်။ အေးဆေးတည်ငြိမ်တဲ့ နွားတွေဖြစ်လို့ ဘယ်ပတ်ဝန်းကျင်မဆို လိုက်လျောညီထွေ နေထိုင်နိုင်ကြပါတယ်။


Chianina နွားတွေကို အများသောအားဖြင့် အမဲသားထုတ်လုပ်ဖို့ အဓိက မွေးမြူကြတာဖြစ်ပေမယ့် အခြား စိုက်မျိုးရေးနယ်ပယ်နဲ့ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေအပြင် နွားသတ်ပွဲများမှာလည်း အသုံးပြုကြပါတယ်။ ယနေ့ခေတ်မှာတော့ Chianina နွားများကို အီတလီအပြင် အမေရိကန်၊ ကနေဒါ၊ သြစတြေးလျနှင့် အာဂျင်တီးနားတို့အပါအဝင် ကမ္ဘာ့နိုင်ငံအများအပြားမှာ မွေးမြူလာကြပါတာ တွေ့ရပါတယ်။
