ကြောင်တွေရဲ့ သက်တမ်းက ဘယ်လောက်ရှိလဲ..?

//s9.kh1.co/63/6330b6b27f0085f9aeeef8b7eb06b27936ab9aed.jpg
MPT

 ၂၆-ပြီ-၂၀၂၃ ၉am · လွန်ခဲ့သော ၃ နှစ် က

အိမ်မွေးကြောင်များကတော့ အနည်းဆုံး ၁၂ နှစ် မှ နှစ် ၂၀ ကြားအထိ အသက်ရှင်ကြတယ်...

ကြောင်လေးတွေရဲ့ သက်တမ်းက ဘယ်လောက်ရှိလဲ..။ ကြောင်တွေက ကျွန်တော်တို့ လူသားတွေနဲ့ အနီးကပ်ဆုံး နေထိုင်ကြတဲ့သူတွေဖြစ်လို့ သူတို့ရဲ သက်တမ်းက ခန့်မှန်းရဖို့ ခက်ခဲပါတယ်။ ဘယ်ကြောင့်လဲဆိုတော့ ကြောင်ရဲသက်တမ်းက သူတို့ရဲ့ မျိုးရိုး၊ ပြီးတော့ အစားအသောက် ၊ ပတ်ဝန်းကျင်နှင့် မျိုးရိုးဗီဇစတဲ့ အချက်တွေပေါ်မူတည်ပြီး ကွဲပြားသွားပါတယ်။ ဥပမာအနေနဲ့ ပြောရရင် တောရိုင်းကြောင်များက မတော်တဆမှု၊ ရောဂါများဖြစ်ဖွားမှုတွေကြောင့် သက်တမ်းတိုးတောင်ကြပေမယ့်လည်း အိမ်မွေးကြောင်များကတော့ အနည်းဆုံး ၁၂ နှစ် မှ နှစ် ၂၀ ကြားအထိ ဘယ်နေရာ ဘယ်ပတ်ဝန်းကျင်မဆို ရှင်သန်နိုင်ကြပါတယ်။

Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google

ဒါပေမယ့် ကြောင်တွေရဲ့ သက်တမ်းက ကျွန်တော်တို့ လူသားတွေနဲ့  အသက်ကွာခြားတယ်ဆိုတာကို သိထားရပါမယ်။ ကြောင်တွေကို ဘယ်လောက်ဆိုရင် “အသက်အကြီးဆုံး” လို့သတ်မှတ်လဲ….? ။ အသက် ၁၀ နှစ်သား ကြောင်တစ်ကောင်ဆိုရင် “အသက်ကြီးဆုံး”လို့ သတ်မှတ်ပါတယ်။ ကြောင်တွေက ကျွန်တော်တို့ လူသားတွေလိုပါပဲ…။

Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google

အသက်ကြီးလာတဲ့ ကြောင်တွေဟာ အရိုးအဆစ်တွေချို့ယွန်းလာခြင်း၊ အမြင်အားရုံနှင့် အကြားအာရုံးများဆုံးရှုံးမှုတွေအပြင် သွားဘက်ဆိုင်ရာ ပြဿနာများလို ကျန်းမာရေးပြဿနာများ ကြုံတွေ့ရနိုင်ပါတယ်။ ဒါကြောင့်မို့ သခင်တွေက ကိုယ့်ရဲ့ကြောင်လေးတွေကို တိရိစ္ဆာန်ဆေးစစ်မှုများ ပုံမှန်ပြုလုပ်ပေးမယ်ဆိုရင် သူတို့ရဲ့ သက်တမ်းက ပိုရှည်နိုင်ပါတယ်။ တကယ်လို့ သင့်မှာလည်း ချစ်စရာကြောင်လေးတွေရှိတယ်ဆိုရင် သက်တမ်းပိုရှည်အောင် ပုံမှန်ဆေးစစ်မှုများ လုပ်ပေးပါလို့ အကြံပြုပါရစေ။

Photo Credit – From Google
Photo Credit – From Google

သတင်း အရင်းအမြစ် Source – Internet

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T