ဒဏ္ဍာရီပုံပြင်ထဲက သေရွာပြန် ဖီးနစ်ငှက်အကြောင်း

//s9.kh1.co/d7/d7dbe6e67c856eca76a4eabc0af51bf871d1dff2.jpg
MPT

 ၂၅-ပြီ-၂၀၂၃ ၂pm · လွန်ခဲ့သော ၂ နှစ် က

ဒဏ္ဍာရီပုံပြင်ထဲက သေရွာပြန် ဖီးနစ်ငှက်အကြောင်း

ဒဏ္ဍာရီတွေထဲက ကိုယ်ရောင်ကိုယ်ဝါတောက်ပပြီး လှပတင့်တယ်ဆိုတဲ့ ဖီးနစ်ငှက်တွေရဲ့ အကြောင်းကို သင်လည်းကြားဖူးကြမှာပါ။ ဒဏ္ဍာရီတွေထဲမှာတော့ ဖီးနစ်ငှက်က သူတို့သေဆုံးပြီးတဲ့ ပြာမှုန်ကနေ ပြန်လည်မွေးဖွားနိုင်စွမ်းရှိတဲ့ ငှက်တစ်မျိုးဖြစ်ပါတယ်။ သာဖန်အသိုက်များမှာ နေထိုင်ခြင်းမရှိဘဲ ဟင်းခတ်အမွှေးအကြိုင်များ၊ ဆေးဖက်ဝင်အပင်များနှင့် အမွှေးနံ့သာများရှိတဲ့ အကိုင်းအခက်များဖြင့် ဆောက်လုပ်ထားတဲ့ အသိုက်တစ်ခုမှာသာ နှစ်ပေါင်းရာနှင့်ချီ အသက်ရှင်နေထိုင်ကြတာဖြစ်ပါတယ်။

Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google

သူတို့အသိုက်တွေ မီးလောင်သွားတဲ့အချိန်မှာရင် ဘေးလွတ်ရာကို မပျံသန်းဘဲ အသေခံသွားကြတာ ဖြစ်ပါတယ်။ အဲ့ဒီနောက် ပြာမှုန်တွေကတစ်ဆင့် နောက် ဖီးနစ်အသစ်ကို ထပ်ခါထပ်ခါ ပြန်လည်မွေးဖွားခဲ့ကြတာလို့ ဒဏ္ဍာရီပုံပြင်တွေထဲမှာ ဖော်ပြထားပါတယ်။ ဒီဒဏ္ဍာရီပုံပြင်က ရှေးဂရိ၊ အီဂျစ်နှင့် ဖီးနစ်ဒဏ္ဍာရီမှ ဆင်းသက်လာကြတာပါ။ အပြင်မှာ ဖီးနစ်ငှက်တွေ တကယ်ရော ရှိခဲ့သလား။

Photo Credit – From Google
Photo Credit – From Google

 ဒါပေမယ့် ဖီးနစ်ငှက်က သမိုင်းတလျှောက်ရဲ့ ယဉ်ကျေးမှုများစွာမှာ သင်္ကေတတစ်ခုအဖြစ် ရေပန်းစားခဲ့ပါတယ်။ ဒီဘက်ခေတ်မှာလည်း ဖီးနစ်ငှက်ကို စာပေ၊ အနုပညာနှင့် လူကြိုက်များတဲ့ ယဉ်ကျေးမှုတွေမှာအပြင် ပြန်လည်မွေးဖွားခြင်း၊ အသစ်တဖန်ပြန်လည်ဆန်းသစ်ခြင်းကို ကိုယ်စားပြုတဲ့ အနေနဲ့ ခန္ဓာကိုယ်တွေမှာ တက်တူးထိုးလာကြသလို ကုမ္ပဏီအမှတ်တံဆိပ်များမှာလည်း အသုံးပြုလာကြပါတယ်။

Photo Credit – From Google
Photo Credit – From Google

သတင်း အရင်းအမြစ် Source – internet

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T