နာမည်နဲ့တင် ကြောက်လန့်စရာကောင်းနေမယ့် လမ်းလျှောက်သစ်ပင်အကြောင်း

//s9.kh1.co/11/117395ab18fd5a2e71fd3e72484e55a6a4b6e8f1.jpg
MPT

 ၁၇-ပြီ-၂၀၂၃ ၁၀pm · လွန်ခဲ့သော ၃ နှစ် က

တချို့အပင်တွေဟာ လမ်းလျှောက်နိုင်ကြပါတယ်တဲ့....

ကမ္ဘာပေါ်မှာ လမ်းလျှောက်နိုင်တဲ့ သစ်ပင်ဆိုတာ တကယ်ရှိကြပါတယ်။ သူတို့လိုအပ်တဲ့ အစာအာဟာရကို ရရှိဖို့အတွက် ရွေ့လျားကြတယ်လို့လည်းပြောကြပါတယ်။ ဒီလိုသစ်ပင်တွေဟာ အနောက်နိုင်ငံတွေရဲ့ တောနက်တွေထဲမှာ သဘာဝအလျောက် ပေါက်ရောက်လေ့ရှိပါတယ်။

https://s9.kh1.co/__image/w=600,h=493,q=100/de/de74677d8d63af05c392a0b082ebf4bdad994d1d.jpg
https://s9.kh1.co/__image/w=600,h=900,q=100/fb/fb9b0b5dbd60f5837e360612d22a8f6cf84bd521.jpg

ခုသစ်ပင်အမျိုးအစားကိုတော့ Socratea Exorrhiza လို့ခေါ်ပြီး နှစ်ရှည်ပင် အမျိုးအစားပဲ ဖြစ်ပါတယ်။ အလင်းရောင်ရရှိမယ့်နေရာကို သူ့အလိုအလျှောက် ပြောင်းကာရွေ့လျားသွားနိုင်တယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံက ကွမ်းသီးပင်အမျိုးအစားနဲ့ ပင်စည်အလုံးအပတ်အပြင် အကိုင်းအခက်တွေ ဆင်တူလေ့ရှိပါတယ်။

https://s9.kh1.co/__image/w=600,h=399,q=100/dc/dc15721b3d95880bbb7ffd8f5c5aa9fd03f93b69.jpg
https://s9.kh1.co/__image/w=600,h=399,q=100/4b/4b407860cd7a1d68b7a2b054dd5fa4ffabcdb127.jpg

ထူးခြားချက်ကတော့ အမြစ်များစွာရှိပြီး ပင်စည်အောက်မှာရှိတဲ့ အမြစ်တွေကသာ မြေကြီးထဲကို စိုက်ဝင်နေပြီး ကျန်တဲ့အမြစ်များစွာကတော့ ဘေးနှစ်ဖက်ကိုထွက်ကာ အလင်းရောင်ရှိရာကို ရွေ့ပြောင်းဖို့ အတွက် ခြေထောက်တွေသဖွယ် ဖြစ်နေတာပါပဲ။ ဒါဟာ လမ်းလျှောက်တတ်တဲ့ သစ်ပင်အမျိုးအစားတွေထဲက တစ်မ‌ျိုးဖြစ်ပါတယ်။ တချို့အပင်တွေထဲမှာလည်း လမ်းလျှောက်တတ်တဲ့ အမျိုးအစားတွေ ရှိပါသေးတယ်။

https://s9.kh1.co/__image/w=600,h=628,q=100/41/4181c934890f518cd88c2bd71075880d6387344c.jpg
https://s9.kh1.co/__image/w=600,h=800,q=100/77/77c4374e7d6739f0f4e6ba0e183bd45e37c8d6cc.jpg
Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T