၁၂ လလုံး မိုးရာသီကလွဲလို ဘယ်ရာသီမှမရှိတဲ့ ကျေးရွာလေး

//s9.kh1.co/5b/5b4d075d2425e10cf54852b064ba47eda62be1c5.jpg
MPT

 ၁၇-ပြီ-၂၀၂၃ ၁၀pm · လွန်ခဲ့သော ၃ နှစ် က

ဒီကျွေးရွာဟာ မိုးအမြဲရွာနေပေမယ့်လို့လည်း.....

ဒီတစ်ခါ ဖော်ပြပေးမှာကတော့ တစ်နှစ်ပတ်လုံး မိုးအမြဲရွာနေတဲ့ ဒေသလေးတစ်ခုအကြောင်းပဲ ဖြစ်ပါတယ်။ ဒီဒေသလေးကတော့ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း မက်ခါလေယာ ပြည်နယ်ထဲမှာရှိတဲ့ မော်ဆင်ရမ်(Mawsynram) ဆိုတဲ့ရွာငယ်လေးဖြစ်ပါတယ်။ ဒီရွာလေးမှာ တစ်နှစ်ပတ်လုံး မိုးအမြဲရွာလေ့ရှိပြီး အဲ့ဒီမှာနေတဲ့ သူတိုင်းဟာ အပြင်သွားတိုင်း ထီးဖြစ်ဖြစ် မိုးကာဖို့တစ်ခုခုကို အမြဲယူသွားကြရပါတယ်။

https://s9.kh1.co/__image/w=600,h=409,q=100/28/2819fc67589c18e917aa404601c06d8858ee2d8d.jpg
https://s9.kh1.co/__image/w=295,h=200,q=100/aa/aae567e01502cdd9ad6be0ae1c9e4853c62bbfca.jpg

ဒီဒေသလေးမှာ အမြဲ မိုးရွာနေရတဲ့ အကြောင်းလေးကတော့ ရွာလေးရဲ့ ပတ်ပတ်လည်မှာ ဟိမဝန္တာတောင်တန်းကြီးက ဝန်းရံထားပြီး ဒီတောင်တန်းကြီးက တိမ်တိုက်တွေ ရွေ့လျားသွားနေတာကို ပိတ်နေသလို ဖြစ်သွားတာကြောင့် မိုးအမြဲရွာနေရတာလည်း ဖြစ်ပါတယ်။ တစ်နှစ်ပတ်လုံး မိုးရွာလျက်ရှိပြီး ဒီဇင်ဘာလ နဲ့ ဇန်နဝါရီလကတော့ ဒီဒေသရဲ့ မိုးအနည်းဆုံးကာလဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=428,q=100/fa/fa1c746394c505f30c53206059c194c1718fd147.jpeg
https://s9.kh1.co/__image/w=650,h=366,q=100/3d/3db561051c31a9ebcd37d31fbfe931dd46562743.jpg

ဘယ်လောက်တောင် မိုးရွာသလဲဆိုရင် ဒီဒေသလေးမှာ နှစ်စဉ်ရွာတဲ့ မိုးရေချိန်တွေဟာ ၄၆၇လက်မဖြစ်ပြီး ၁၉၈၅ခုနှစ်တုန်းကတော့ လက်မ ၁၀၀၀ အထိ မိုးရွာသွန်းခဲ့လို့ ကမ္ဘာ့စံချိန်တင်သွားတဲ့အထိတောင် ဖြစ်ခဲ့ရပါတယ်။ မိုးရာသီကိုကြိုက်နှစ်သက်တဲ့ သူတွေအတွက်တော့ ဒီရွာလေးဟာ နေချင်စရာလေးဖြစ်နေမှာပါ။ ရွာလေးဟာလည်း မိုးအမြဲရွာနေပေမယ့် သူ့အလှနဲ့သူတော့ ရှိပါတယ်။

https://s9.kh1.co/__image/w=500,h=281,q=100/c1/c1844b0e45a44fb3d4e5124872f9c014ab26875b.jpeg
https://s9.kh1.co/__image/w=650,h=362,q=100/9e/9e0c7765977070111db6b74fdb87d558795679cf.jpg
Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T