နာမည်နှင့်လိုက်အောင် ချစ်စရာကောင်းတဲ့ Chow Chow ခွေးလေး

//s9.kh1.co/bb/bb7ecff1703eda31fd10b23d7fc38ad857d89303.jpg
MPT

 ၀၆-ပြီ-၂၀၂၃ ၂pm · လွန်ခဲ့သော ၂ နှစ် က

နာမည်နှင့်လိုက်အောင် ချစ်စရာကောင်းတဲ့ Chow Chow ခွေးလေး

အမွှေးဖွားဖွားကြီးတွေနှင့် ချစ်စရာကောင်းလွန်းတဲ့ ဒီခွေးလေးတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးထောင်လောက်က အာတိတ်ဒေသမှာစတွေ့ခဲ့တာပါ။

https://s9.kh1.co/__image/w=600,h=905,q=100/40/402a1c20fedfa9bf4d1eb06be1537cf7e0656e09.png

နောက်ပိုင်းမှာ တရုတ်ပြည်မြောက်ပိုင်းမှာသားဖောက်မွေးရင်း နှစ်ကာလကြာလာတဲ့အခါ နေရာအမျိူးမျိူးကိုရောက်သွားပါတော့တယ်။ ၁၈၀၀နောက်ပိုင်းနှစ်တွေမှာတော့ အနောက်နိုင်ငံတွေကိုပါ ရောက်ရှိလာခဲ့ပါတယ်။

https://s9.kh1.co/__image/w=640,h=447,q=100/75/75526da19d0c6e5cd4ce48de5b36785d228cbfc2.png

သက်ရှိအရုပ်ကလေးနှင့်တူတဲ့ ဒီခွေးကလေးဟာမထင်ထားလောက်တဲ့အထိ စွာပြီးရက်စက်တတ်ပါတယ်။ အရင်ခေတ်က အစောင့်ခွေးအဖြစ်အသုံးပြုခဲ့ကြတဲ့ ချောင်ချောင်ခွေးမျိူးဟာ သူ့သခင်ကလွဲရင် ဘယ်သူ့ကိုမှမခင်မင်တတ်ကြပါဘူး။ သခင်အပေါ်ကိုတော့အရမ်းသစ္စာရှိတတ်ကြပြီးတော့ အသက်နှင့်ရင်းပြီးကာကွယ်တတ်ကြတဲ့ ခွေးကလေးတွေပါ။

https://s9.kh1.co/__image/w=460,h=600,q=100/c9/c9b7f31e19ac1430419b7ea808fc1ab1a76b2b99.png

ဒါကြောင့် အမေရိကန်စစ်တပ်က ချောင်ချောင်ခွေးတွေကို စစ်တပ်ခွေးအဖြစ် လေ့ကျင့်ပေးကြပါတယ်။ ဒါပေမဲ့ အိမ်မွေးတိရိစ္ဆာန်အနေနှင့် မွေးမယ်ဆိုရင်တော့ အများကြီးလေ့ကျင့်ပေးဖို့ လိုအပ်ပါတယ်။

https://s9.kh1.co/__image/w=650,h=488,q=100/5f/5f4fe2b686cda385cd5bd7ce6bba40372c7ba8af.png

မှတ်တမ်းတွေအရ ဒီခွေးလေးတွေကြောင့် သေလုနီးပါးဖြစ်ခဲ့တာ ရှစ်ယောက်လောက်ရှိပါတယ်။ ကမ္ဘာ့အန္တရာယ်အရှိဆုံးခွေးတွေထဲမှာလည်း နံပါတ်ကိုးချိတ်ထားပါတယ်။

https://s9.kh1.co/__image/w=539,h=360,q=100/1d/1d8dece1de17ca954f1d5f96c383b2767a016f2e.png

ဒါကြောင့် ဒီခွေးလေးတွေကို မွေးမယ်ဆိုရင် လေ့ကျင့်မှုကောင်းကောင်းလုပ်ပေးရမဲ့အပြင် အစားအသောက်ကိုလည်း ဂရုတစိုက်ကျွေးပေးရပါမယ်။ ဒီခွေးလေးတွေဟာ ပေါင်ချိန် ၇၀လောက်ထိရှိနိုင်ပြီးတော့ ပျမ်းမျှသက်တမ်းကတော့ ၁၂နှစ်လောက်ထိရှိပါတယ်။

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T