ဝေလငါးအသေတွေအနား ဘာလို့မကပ်သင့်တာလဲ?

//s9.kh1.co/b0/b0c6cf635d55df626b1786a8adca68b9343a47c5.jpg
MPT

 ၁၃-ပြီ-၂၀၂၃ ၆pm · လွန်ခဲ့သော ၃ နှစ် က

ဝေလငါးအသေတွေအနား ဘာလို့မကပ်သင့်တာလဲ?

ဝေလငါးတွေဟာ အကောင်အရွယ်အစားကြီးမားပြီးတော့ လူတွေကိုအန္တရာယ်မပေးတတ်တဲ့ ချစ်စရာအကောင်လေးတွေအဖြစ် နာမည်ကြီးပါတယ်။ ဒါပေမဲ့ ဒီဝေလငါးတွေသေဆုံးပြီးတဲ့အခါမှာတော့ မထင်ထားရလောက်အောင် ကြောက်စရာကောင်းတဲ့ အန္တရာယ်ရှိနေပါတယ်။

https://s9.kh1.co/__image/w=500,h=300,q=100/0c/0c4fad5f37495acb96e1edce5862fd21a4a5267c.webp

ဝေလငါးဟာ အရွယ်အစားကြီးမားသလိုပဲ ခန္တာကိုယ်အစိတ်အပိုင်းတွေကလည်းကြီးမားပါတယ်။ သူတို့သေဆုံးပြီးသွားတဲ့အခါ အစာအိမ်နှင့်အခြားကိုယ်တွင်းကလီစာတွေကစတင်ပုတ်သိုးလာပြီးတော့ gasပမာဏအများကြီးထွက်လာပါတယ်။ 

https://s9.kh1.co/__image/w=650,h=366,q=100/38/38ff075d4c87f147c694e028ff7642e1d6ecf13b.jpg

အဲ့ဒီ Gas တွေဟာ တော်ရုံနှင့်အပြင်မရောက်နိုင်တော့ ကိုယ်တွင်းမှာပဲ စုပုံပြီး လေအိတ်ထဲမှာ အလိုအလျောက်ရောက်သွားပါတယ်။ ဒီ Gas ပမာဏဟာ လေအိတ်ရဲ့ခံနိုင်ရည်ထက်များသွားပြီဆိုရင် ဝေလငါးပေါက်ကွဲခြင်းဆိုတဲ့ ကြောက်စရာဖြစ်ရပ်ဆိုးကြီးဖြစ်လာမှာပါ။ 

https://s9.kh1.co/__image/w=460,h=259,q=100/4b/4b5738f7c9a0fc553b9c941df2bdf1e0092a18c9.webp

ဝေလငါးရဲ့ အဆီပြင်နှင့် အရေပြားတွေက အတော်အတန် မာကြောတာကြောင့် တော်ရုံပေါက်ကွဲမှုမဖြစ်တတ်ပေမဲ့ ပေါက်ကွဲပြီဆိုရင် အနားပတ်ဝန်းကျင်တော်တော်များများ အန္တရာယ်ရှိနိုင်ပါတယ်။ ဒါကြောင့် ဝေလငါးအသေတွေ ကုန်းပေါ်ရောက်လာရင် လက်လွတ်စပယ် အနားသွားတာ အသားတွေဖြတ်တောက်တာမျိူးမလုပ်သင့်ပါဘူး။

https://s9.kh1.co/__image/w=650,h=343,q=100/42/42c6811779cf8406d7dd8a5e6c79c268d83a4dad.webp
https://s9.kh1.co/__image/w=650,h=231,q=100/40/40ddd8a402240a9d04d13942dc944107e15cdeb2.jpg
Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T