ကမ္ဘာ့အကြီးဆုံး ပင့်ကူဟာ ၁၉၆၅ ခုနှစ် ဧပြီလ ဗင်နီဇွဲလားနိုင်ငံ၊ Rio Cavro မှာ Pablo San Martin Expedition မှ အဖွဲ့ဝင်တွေဟာ Goliath ငှက်စားတဲ့ ပင့်ကူအထီး (Theraphosa blondi) ကိုတွေ့ရှိခဲ့ကြပါတယ်။

ခြေထောက်အရှည်ဟာ ၂၈ စင်တီမီတာ (၁၁ လက်မ) ရှိပြီး စံချိန်တင်ခဲ့ပါတယ်။ ဒီအရွယ်အစားဟာ ညစားပန်းကန်ပြားကို ဖုံးအုပ်နိုင်လောက်တဲ့ထိ ကြီးမားပါတယ်။ ဒီမျိုးစိတ်တွေကို Surinam, Guyana နဲ့ French Guiana ကမ်းရိုးတန်းမိုးသစ်တောတွေမှာ တွေ့ရှိရပါတယ်။ သီးခြားအကောင်တွေကိုတော့ ဗင်နီဇွဲလာ နဲ့ ဘရာဇီး တို့မှာ တွေ့ရှိနိုင်ပါတယ်။

ကမ္ဘာ့အကြီးဆုံးပင့်ကူအဖြစ် စံချိန်တင်ထားတဲ့ ဒီပင့်ကူမျိုးစိတ်ကို Robert Bustard ကမွေးမြူခဲ့ပါတယ်။ နှစ်နှစ်သားအရွယ် ပင့်ကူတစ်ကောင်ဟာ ခြေထောက်အရှည် ၂၈ စင်တီမီတာ (၁၁ လက်မ) ရှိပြီး ၁၇၀ ဂရမ် (၆ အောင်စ) အလေးချိန်ရှိပါတယ်။

သူတို့ရဲ့ ခန္ဓာကိုယ်ဟာ ၂၈၀ မီလီမီတာ အရှည်ရှိပြီး အလေးချိန်ကတော့ ၅၀ ဂရမ်ရှိကာ သက်တမ်းကတော့ ၁၀ နှစ်ထိရှိပါတယ်။ သူ့တို့မျိုးစိတ်ကိုတွေ့ရှိခဲ့ချိန်ကတော့ ၁၈၀၄ ခုနှစ်ဖြစ်ပါတယ်။
