တပါးသူကို မှီခိုပြီး ရှင်သန်ကြီးထွားကြရတဲ့ နွယ်ပင်

//s9.kh1.co/c3/c3eacbfda2460aaedbdb0b1236e4450362adc25a.jpg
MPT

 ၂၄-မတ်-၂၀၂၃ ၁၁am · လွန်ခဲ့သော ၃ နှစ် က

တပါးသူကို မှီခိုပြီး ရှင်သန်ကြီးထွားကြရတဲ့ နွယ်ပင်

ဒီတစ်ခါမှာတော့ တပါးသူကို မှီခိုပြီး ရှင်သန်ကြီးထွားကြတဲ့ နွယ်ပင်တွေရဲ့ စိတ်ဝင်စားစရာ အချို့ကို ဖော်ပြပေးမှာပါ။ နွယ်ပင် (Vine) ဆိုတာက အခြားအရာများကို ပင်စည်တွယ်ကပ်ပြီး ရှင်သန်ရကြတဲ့ အပင်တွေဖြစ်ပါတယ်။ နွယ်ပင်အချို့ကတော့အတိုင်းအတာ တစ်ခုထိသာ ရှင်သန်ကြပေမယ့် အချို့ နွယ်ပင်များကတော့ မီတာများစွာအထိ ကောင်းမွန်စွာ ပေါက်ရောက်နိုင်ကြပါတယ်။

Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google

နွယ်ပင်အများစုကတော့ အပွင့်နှင့် အသီးအနှံများကို ထုတ်ပေးနိုင်တဲ့ Angiosperm အမျိုးအစားပါ။ ပြီးတော့ သူတို့က နှစ်ရှည်ပင်များဖြစ်တာကြောင့် နှစ်ပေါင်းများစွာ အသက်ရှင်နိုင်ကြပါတယ်။ နွယ်ပင်များကို ဘယ်လိုနေရာမျိုးတွေမှာ တွေ့ရသလဲဆိုရင် လောင်းရိပ်ရှိတဲ့နေရာမျိုးတွေ၊ နေရောင်ခြည်အပြည့်ရရှိနေရာများ ဥပမာ - သစ်တောများ၊ လယ်ကွင်းများနှင့် ဥယျာဉ်များအပါအဝင် ပတ်ဝန်းကျင်အမျိုးမျိုးမှာ ပေါက်ရောက်တွေ့ရှိနိုင်ပါတယ်။

Photo Credit – From Google
Photo Credit – From Google

 နွယ်ပင်မျိုးနွယ်များမှာ တောတွေထဲမှာ ပေါက်ရောက်တဲ့ အပင်တွေအပြင် ကျွန်တော်တို့ နေအိမ်တွေမှာ စိုက်ပျိုးထားကြတဲ့ ဥပမာ - သခွားပင်၊ သပွတ်ပင်၊ ဘူးပင်၊ ကြက်ဟင်းခါးပင်၊ ဂေါ်ရခါးပင်များလည်း ပါဝင်ပါတယ်။

Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google

နွယ်ပင်များရဲ့ အကျိုးကျေးဇူးကတော့ ကျွန်တော်တို့ နေထိုင်ရာ ပတ်ဝန်ကျင်က မြေဆီလွှာ တည်ငြိမ်စေသလို တောရိုင်းတိရစ္ဆာန်များအတွက် နေထိုင်ရာနေရာများ အထောက်အပံ့ပေးများကိုပါ ပေးစွမ်းနိုင်ပါတယ်။ ဒါကြောင့် နွယ်ပင်များက တိရစ္ဆာန်များအပြင် ကျွန်တော်တို့ လူသားတွေအတွက်ပါ တကယ်ကို အကျိုးပြုတဲ့ အပင်ဖြစ်ပါတယ်။

Photo Credit – From Google
Photo Credit – From Google

သတင်း အရင်းအမြစ် Source – Internet /THUTA ZONE

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T