ထိုင်း နှင့် ကမ္ဘောဒီးယားကြား အငြင်းပွားနေဆဲဖြစ်တဲ့ သမိုင်းဝင် ရှေးဟောင်း ဘုရားကျောင်း

//s9.kh1.co/65/652b0b73c5964fc18ccf79772a8bde8007947a45.jpg
MPT

 ၂၃-မတ်-၂၀၂၃ ၁၀am · လွန်ခဲ့သော ၂ နှစ် က

ထိုင်း နှင့် ကမ္ဘောဒီးယားကြား အငြင်းပွားနေဆဲဖြစ်တဲ့ သမိုင်းဝင် ရှေးဟောင်း ဘုရားကျောင်း

ဗိဟာရ (Preah Vihear) သမိုင်းဝင် ဘုရားကျောင်းဟာ ယနေ့တိုင်း နှစ်နိုင်ငံကြား အငြင်းပွားနေဆဲဖြစ်တဲ့ ရှေးဟောင်း ဘုရားကျောင်းဖြစ်ပါတယ်။ ဒီဘုရားကျောင်းက ထိုင်းနယ်စပ်အနီး ကမ္ဘောဒီးယားနိုင်ငံ မြောက်ဘက်က မြင့်မားတဲ့ တောင်ကမ်းပါးတစ်နေရာမှာ တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ဘုရားကျောင်းကိုတော့ ရှေးခေတ် ခမာဗိသုကာနှင့် အနုပညာလက်ရာများဖြင့် ဟိန္ဒူဒဏ္ဍာရီမှ မြင်ကွင်းများကို အနုစိတ်ပုံဖော်ထားတာဖြစ်ပါတယ်။

Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google

ဗိဟာရ ဘုရားကျောင်းရဲ့ သမိုင်းကျောင်းကို ပြန်ကြည့်မယ်ဆိုရင် ယေဆိုဝရမန် (၁) ဘုရင်မင်းမြတ်လက်ထက် ၉ ရာစုကတည်းက စတင်တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် အဆောက်အအုံအချို့ကတော့ ဘုရင်ဆရဘာမန် (၁) နှင့် (၂) တို့ရဲ့ စိုးစံစဉ်ကာလမှာ ဆောက်လုပ်ခဲ့ပြီး ၁၁ ရာစုနှင့် ၁၂ ရာစုအတွင်း တည်ရှိခဲ့ပါတယ်။ ဒီဘုရားကျောင်းဟာ ဟိန္ဒူနတ်ဘုရား Shiva ကို ရည်စူးခဲ့တာဖြစ်လို့  ခမာလူမျိုးများအတွက် အရေးကြီးတဲ့ ကိုးကွယ်ရာနေရာတစ်ခုဖြစ်ခဲ့ပါတယ်။

Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google

အဲ့ဒီအချိန်တုန်းက ဗိဟာရ ဘုရားက ခမာအင်ပါယာနှင့် အိမ်နီးချင်း Siam (ယခု ထိုင်း) တို့ကြားရှိ နယ်နိမိတ်မျဉ်းပေါ်မှာ တည်ရှိတာဖြစ်လို့ နှစ်နိုင်ငံရဲ့အရေးကြီးတဲ့ အချက်ချာကျရာ နေရာလည်းဖြစ်ခဲ့ပါတယ်။  ဘုရားကျောင်းကို စစ်အခြေစိုက်စခန်းအဖြစ် နှစ်ဖက်စလုံးက အသုံးပြုခဲ့ကြပြီး ရာစုနှစ်များအတွင်း နှစ်နိုင်ငံကြား ပဋိပက္ခများစွာ ဖြစ်ပွားခဲ့ပါတယ်။

Photo Credit – From Google
Photo Credit – From Google

၁၉၆၂ ခုနှစ်မှာတော့ အပြည်ပြည်ဆိုင်ရာ တရားမျှတမှု တရားရုံးကနေ ဘုရားကျောင်းကို ကမ္ဘောဒီးယားမှ ပိုင်ဆိုင်ကြောင်း ဆုံးဖြတ်ခဲ့ပြီး  ထိုင်းနှင့် ကာလကြာရှည် အငြင်းပွားမှု အဆုံးသတ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း  ဘုရားကျောင်းနှင့် ပတ်သက်ပြီးတော့ နှစ်နိုင်ငံကြား တင်းမာမှုတွေကတော့ ယနေ့တိုင် ဆက်လက် ဖြစ်ပွားနေဆဲပါ။ ဗိဟာရကို ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ်စာရင်းမှာ ၂၀၀၈ ခုနှစ်မှာ ထည့်သွင်းခဲ့ပြီး ဘုရားကျောင်းကို ထူးခြားတဲ့ ခမာဗိသုကာလက်ရာတစ်ခုအဖြစ် အသိအမှတ်ပြုခဲ့ပါတယ်။  

Photo Credit – From Google
Photo Credit – From Google

သတင်း အရင်းအမြစ် Source - en.wikipedia / unesco

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T