အသားရေကြည်လင်ဝင်းပပြီး နုပျိုစေသော သဘာဝအစားအစာများ..

//s9.kh1.co/90/90737ab12fc93f4e03e23af8993c0ea9f134731e.jpg
ကျန်းမာရေးနှင့် အလှအပရေးရာ

 ၁၇-မတ်-၂၀၂၃ ၂pm · လွန်ခဲ့သော တစ်နှစ် က

အသားရေလှချင်သူတွေ စားသုံးသင့်ပါတယ်..

ကျွန်ုပ်တို့ခန္ဓာကိုယ်ကျန်းမာဝဖြိုးဖို့အတွက် အစားအသောက်ဟာ အလွန်အရေးပါပါတယ်။ ဒါ့အပြင် အစားအသောက်တွေဟာ အရေပြားစိုပြေလှပဖို့အတွက်လည်း အသုံးဝင်ပါတယ်။ လူ့ပတ်ဝန်းကျင်မှာ အသားရေဝင်းပကြည်လင်သူတွေဟာ မျက်နှာသာရနေစမြဲပဲ မဟုတ်လား။ ဒီလိုဆို အသားရေကြည်လင်ဝင်းပသွားအောင် ဘယ်လိုအစားအစာတွေစားသင့်သလဲ။

(၁) ဘယ်ရီသီး

https://s9.kh1.co/__image/w=650,h=366,q=100/a4/a4e833835374363f3a275a5fb4f3d68eb6306870.jpg

ဘယ်ရီသီးမှာပါဝင်တဲ့ Vitamin C က Collagen ထုတ်လုပ်မှုကို လှုံ့ဆော်ပေးတာကြောင့် အရေပြားကို ကြည်လင်ဝင်းပစေတဲ့အပြင် အရွယ်တင်နုပျိုစေပါတယ်။ 

(၂) ကိုးကိုး (Cocoa)

https://s9.kh1.co/__image/w=650,h=366,q=100/ff/ff423cfeb57dbd0a5ccf4e037cfa5aa4369d9ffa.jpg

ကိုးကိုးနှင့် ချောကလက်တွေမှာ အသားရေကို လှပစေပြီး ရောဂါကာကွယ်ပေးတဲ့ Antioxidant တွေ အများဆုံးပါဝင်တာကြောင့် အသားရေဂရုစိုက်သူတွေ အထူးစားသုံးသင့်ပါတယ်။

(၃) သစ်သီးများ

https://s9.kh1.co/__image/w=650,h=366,q=100/b3/b32a5bb35389246f9cab0e7de70042eb85ccc70f.jpg

လိမ္မော်သီး၊ ပန်းသီးနှင့် သံပုရာသီးတွေဟာ အရေပြားအတွက် အထူးကောင်းမွန်တာကြောင့် နေ့စဥ်စားသုံးသင့်ပါတယ်။

(၄) အဖျော်နှင့် ယမကာများ (Beverages)

https://s9.kh1.co/__image/w=650,h=366,q=100/f2/f2856450997ed884fb3530ebf42b63d01c4779fe.jpg

ကော်ဖီ၊ 'Green Tea' နှင့် ဝိုင်တွေမှာလည်း Antioxidant ပါဝင်မှုများတာကြောင့် အရေပြားကို လှပစေပါတယ်။

(၅) အသီးအရွက်များ

https://s9.kh1.co/__image/w=650,h=366,q=100/90/90059afd19fe307cbe225f6a43855da6e816921b.jpg

ဂေါ်ဖီထုပ်၊ ငရုတ်ကောင်းနှင့် သံလွင်သီးတွေဟာလည်း အသားရေကို ဝင်းပစေတာကြောင့် လုံးဝစားသုံးသင့်တဲ့ အစားအစာတွေဖြစ်ပါတယ်။ အသီးအရွက်တွေမှာ Antioxidant ပါဝင်မှုအများဆုံးဖြစ်ပါတယ်။

Van Ngun Lian
Van Ngun Lian

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T