နွားနို့ဟာ ပရိုတင်းရဲ့ အရင်းအမြစ်ကောင်းတစ်ခုဖြစ်ပါတယ်။ ကိုယ်အလေးချိန်ပြောင်းလဲလိုသူတွေအတွက်တော့ နွားနို့ဟာ အရေးကြီးဆုံးဖြစ်ပါတယ်။ နွားနို့ထဲမှာ ခန္ဓာကိုယ်အတွက်အရေးကြီးဆုံးဖြစ်တဲ့ Calcium, Vitamin D, Potassium နှင့် Vitamin B12 စတာတွေပါဝင်ပါတယ်။ ဒါ့အပြင် ရောဂါပိုးမွှားတွေကို လျှော့ချပေးတဲ့ Fatty Acid တွေလည်း ပါဝင်ပါတယ်။ နွားနို့ဟာ အရိုးကိုလည်း သန်မာစေပါတယ်။

နွားနို့မှာ ကောင်းကျိုးတွေအများကြီးရှိသလို ဆိုးကျိုးတွေလည်းရှိပါတယ်။ Lactose (သို့) ဒိန်ခဲနဲ့ဓာတ်မတည့်သူတွေဟာ နွားနို့မသောက်သင့်ပါဘူး။ နွားနို့အလွန်အကျွံသောက်သုံးခြင်းဟာ ပျို့အန်ခြင်း၊ အော့အန်ခြင်းနှင့် ဝမ်းလျှောခြင်းတို့လို အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ လက္ခဏာများကို ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် အလွန်အကျွံသောက်သုံးခြင်းကြောင့် အရေပြားဝက်ခြံများလည်း တိုးစေပါတယ်။

ဒါ့ကြောင့် နွားနို့ကို တစ်ရက်မှာအများဆုံး နှစ်ခွက်သာသောက်သုံးသင့်ကြောင်း Australia ကျန်းမာရေးပညာရှင် Carolina Castro က အကြံပေးထားပါတယ်။ ခန္ဓာကိုယ်ကျန်းမာဝဖြိုးစေဖို့ နွားနို့နေ့တိုင်းသောက်သုံးသင့်ကြောင်းလည်း အကြံပေးထားပါတယ်။
