ဥဒေါင်းတွေဟာ လှပတဲ့ အမွေးအမှင်တွေကြောင့် ကျော်ကြားပေမယ့် ဒေါင်းထီးကိုသာ ဥဒေါင်းလို့ ခေါ်တယ်ဆိုကြပါတယ်။ ဒေါင်းငှက်အစ်မများကိုတော့ peahens (ဒေါင်းငှက်) ဟုခေါ်ကြပေမယ့် အထီးတွေထက် အညိုရောင် အမွေးများ ပိုမိုရှိကြပါတယ်။

ဒေါင်းအမြီးရှိ ရောင်စုံအမွေးများကို အများအားဖြင့်"မျက်လုံးကွက်များ" သို့မဟုတ် "Ocelli" ဟုခေါ်ပါတယ်။ ဒီလှပတဲ့ အမြီးတွေကို ဒေါင်းအထီးများက အမများကို အိမ်ထောင်ဖက်အဖြစ် ဆွဲဆောင်ရာမှာ အသုံးပြုကြတာပါ။ ဒါဟာ ဒေါင်းအထီးတွေရဲ့ ကျန်းမာရေးနှင့် မျိုးဗီဇအရည်အသွေး ကောင်းမွန်တဲ့ လက္ခဏာတစ်ခု ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒေါင်းများဟာ အရွယ်အစားကြီးမားပြီး အထင်ကြီးစရာကောင်းတဲ့ အသွင်အပြင်ရှိပေမဲ့ တကယ့်ကို သွက်လက်ပြီး အကွာအဝေးကို ပျံသန်းနိုင်တဲ့ ငှက်ဖြစ်ပါတယ်။ ပညာရှင်တွေရဲ့ သုတေသနအဆိုပြုချက်အရ ဒေါင်းများဟာ တစ်နာရီလျှင် ၁၀ မိုင်အထိ အမြန်နှုန်းဖြင့် ပျံသန်းနိုင်တယ်လို့ဆိုပါတယ်။ ဒေါင်းငှက်များက တောင်အာရှမှာ ဇာတိဖြစ်သော်လည်း မြောက်အမေရိက၊ ဥရောပနှင့် ဩစတေးလျအပါအဝင် ကမ္ဘာ့အခြားနေရာအများအပြားမှာ တွေ့ရတဲ့ ငှက်မျိုးစိတ်ဖြစ်ပါတယ်။


သူတို့ရဲ့ အစားအစာများကတော့ အစေ့များ၊ အင်းဆက်များ၊ နို့တိုက်သတ္တဝါငယ်များ၊ မြွေများနှင့် အိမ်မြှောင်များဖြစ်ပါတယ်။ ဒေါင်းငှက်များကိုတော့ အချို့နိုင်ငံများက နတ်ဘုရားအဖြစ် သတ်မှတ်ကြပြီး အချို့က ကောင်းတဲ့ သင်္ကေတတစ်ခုအဖြစ် သက်မှတ်ကြပါတယ်။

သတင်း အရင်းအမြစ်៖ Source - wikipedia