ကြက် ၊ ဝက် အသားများနှင့် ဆက်သရတဲ့ ကရင်ရိုးရာ နတ်စားခြင်းဓလေ့

//s9.kh1.co/dc/dcea6c40783fabc38b7d92bc276897189f65a684.jpg
MPT

 ၂၆-ဖေ-၂၀၂၃ ၁၀pm · လွန်ခဲ့သော ၂ နှစ် က

ကြက် ၊ ဝက် အသားများနှင့် ဆက်သရတဲ့ ကရင်ရိုးရာ နတ်စားခြင်းဓလေ့

ကရင်လူမျိုးများမှာ ယနေ့အချိန်ထိ မျိုးရိုးစဥ်ဆက် လက်ဆင့်ကမ်း ပြုလုပ်ကြတဲ့ ရိုးရာပွဲတော်တစ်ခု ရှိပါတယ်။ ဒါကတော့ မိရိုးဖလာ လုပ်ကိုင်လာကြတဲ့ နတ်စားပွဲတော် (နတ်စားခြင်း) ဓလေ့ပါ။ ရိုးရာနတ်စားခြင်းကို ကရင်လူမျိုးအားလုံး ကျင်းပကြတာတော့ မဟုတ်ပါဘူး ဗုဒ္ဓဘာသာကိုးကွယ်သူများသာ ဒီပွဲတော်ကို ကျင်းပကြတာ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=418,q=100/c7/c7dd593f299d7385db9ee307d54e4c26ce4c7170.jpg

နတ်စားရာမှာလည်း အများသောအားဖြင့် မနက်အစောပိုင်းမှာ ကြက်ဖို၊ ကြက်မ နှစ်ကောင်ပြုလုပ်စားကြပြီး နေ့လယ်ပိုင်းမှာ ဝက် ဖြင့်ပြုလုပ်ကြတာ ဖြစ်ပါတယ်။ နတ်စားလို့ပြီးသွားရင်လည်း နတ်ဆက်သထားတာတွေကို အနီးအနားရှိနေအိမ်များအား ခွဲဝေလှူဒါန်းကြသလို နေအိမ်ကိုလာရောက်ကြသူတွေကိုလည်း တပျော်တပါး ကြွေးမွေးဧည့်ခံကြပါတယ်။

ပြေလည်တဲ့ မိသားစုအချို့ကတော့ နတ်စားခြင်းကို ၁ နှစ်မှတစ်ကြိမ် ပြုလုပ်ကြပေမယ့်မပြေလည်တဲ့ မိသားစုများကတော့ ၃ နှစ်မှ တစ်ကြိမ်သာပြုလုပ်ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့်ရိုးရာနတ်စားခြင်းဟာ တကယ့်တော့ မလွယ်ကူလှတဲ့ ဓလေ့တစ်ခုပါ.

https://s9.kh1.co/__image/w=650,h=416,q=100/f6/f64cd52380ab67c9bc6c4a854b420d61d047f879.jpg

တစ်ခုခု အလွဲလွဲချော်ချော်ဖြစ်သွားခဲ့ရင် ပွဲပျက်တတ်တယ်လို့ ယုံကြည်ထားကြပါတယ်။ နတ်စားမယ့် ဝက်ကိုလည်း ငယ်ငယ်လေးကတည်းက နေအိမ်မှာ အမွှေးနံသာများ ပတ်ဖြန့်ပေးပြီး အမိုးနဲ့ ဖထီကို တိုင်တည်ထားရတာ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=1010,q=100/47/47d1149ab2d647e70187b0325a5af5d26c4cb985.jpg

နတ်စားခြင်းကို မိသားစုတစ်စုမှာ သွေးသားတော်စပ်မှု မရှိတဲ့ ချွေးမ၊ သားမက် အစရှိတဲ့သူများကလွဲပြီး မိဘ၊ သားသမီး၊ မြေး၊ မြစ် အစရှိတဲ့ ဆွေမျိုးတော်စပ်သူများသာ ပါဝင်ခွင့်ရတာ ဖြစ်ပါတယ်။ ရိုးရာ နတ်စားကြသူ များမှာ ဗမာကရင်၊ တလိုင်းကရင်ဆိုပြီး ကွဲပြားမှုရှိပေမယ့် လုပ်နည်းလုပ်ဟန် ၊ အခေါ်အပြောများက အနည်းငယ်ကွားခြားမှုရှိပါတယ်။

https://s9.kh1.co/__image/w=650,h=495,q=100/e6/e65670b369d8e208ff41f84bee9f73d7d9ee0020.jpg

ရိုးရာ နတ်စားခြင်းကို ရှေးဘိုးဘွားစဥ်ဆက်များက အဝေးရောက်နေတဲ့ မိသားစုဝင်များနဲ့ တစ်စုတစ်စည်းထဲ ပြန်လည်စုံတွေ့နိုင်ဖို့ ရည်ရွယ်ပြီး ပြုလုပ်ခဲ့ကြတဲ့ ဓလေ့တစ်ခုပါ။ ဒါပေမယ့် ဒီဘက်ခေတ်မှာတော့ နတ်စားခြင်းကို မိသားစုများက စီးပွားရေး နှင့် ကျန်းမာရေးကောင်းမွန်အောင်ရည်ရွယ်ကာ တိုင်တည်ပြုလုပ်ကြတာ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=416,q=100/fa/fa98b6ba33d71877e566d66dc954a9f7049039cd.jpg

အချို့မှာရိုးရာနတ်စားခြင်းကို မဖြစ်မနေ ပြုလုပ်ရတဲ့အခါလည်း ရှိတတ်ကြသလို နတ်မစားပါကလည်း ကျန်းမာရေးချို့ယွင်းခြင်း ၊ စီးပွားရေး ဆုံးရှုံး ပျက်စီးခြင်းများဖြစ်တတ် ကြောင်း ယုံကြည်ထားကြပါတယ်။

Photo Credit -Sa Aing Htee Khant

Source - Own Creation (ZM)

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T