နှစ်ပေါင်း ၁၂၈,၀၀၀ ကျော်သက်တမ်းရှိ ကမ္ဘာ့ရှေးအကျဆုံး ကျောက်ဖြစ်ရုပ်ကြွင်း

//s9.kh1.co/c5/c5549d91b78589aeef2ff6fd48e21e5e002cbb43.jpg
MPT

 ၂၁-ဖေ-၂၀၂၃ ၁၀am · လွန်ခဲ့သော ၃ နှစ် က

နှစ်ပေါင်း ၁၂၈,၀၀၀ ကျော်သက်တမ်းရှိ ကမ္ဘာ့ရှေးအကျဆုံး ကျောက်ဖြစ်ရုပ်ကြွင်း

ကမ္ဘာပေါ်မှာတော့ ရှေးအကျဆုံး ရုပ်ကြွင်းတွေကို တွေ့ခဲ့ဖူးပေမယ့် အခုတွေ့ရတဲ့ ရုပ်ကြွင်းကတော့ ပိုပြီးရှေးကျလွန်းပါတယ်။ ဒီရုပ်ကြွင်းက အမျိုးသားတစ်ဦးရဲ့ ရုပ်ကြွင်းဖြစ်ပြီး ၁၉၉၃ ခုနှစ်မှာ  အီတလီနိုင်ငံတောင်ပိုင်း Altamura မြို့အနီးရှိ လှိုဏ်ဂူတစ်ခုမှာ ရှာဖွေတွေ့ရှိခဲ့တဲ့ Neanderthal ကျောက်ဖြစ်ရုပ်ကြွင်းဖြစ်ပါတယ်။

Photo Credit – From Google
Photo Credit – From Google

 ယင်းရုပ်ကြွင်းကို ကျောက်စက်ပန်းဆွဲများမှာ ကယ်လ်စီယမ်ဖြင့် မြှုပ်နှံထားတာ ဖြစ်ပါတယ်။ အဲ့ဒီဒြပ်စင်များကြောင့်ပဲ ရုပ်ကြွင်းဟာ ဒီလို နှစ်ရှည်ကြာအောင် ထိန်းသိမ်းထားတယ်လို့ ထင်ပါတယ်။

Photo Credit – From Google
Photo Credit – From Google

သုတေသန ပညာရှင်များရဲ့ လေ့လာချက်တွေအရ ကျောက်ဖြစ်ရုပ်ကြွင်းရဲ့ သက်တမ်းမှာ နှစ်ပေါင်း ၁၂၈,၀၀၀ မှ ၁၈၇,၀၀၀ အကြားရှိမယ်လို့ ခန့်မှန်းရပြီး ၎င်းဟာ ရှာဖွေတွေ့ရှိဖူးသမျှမှာ ရှေးအကျဆုံးနှင့် အကောင်းမွန်ဆုံးရှိနေတဲ့ Neanderthal ရုပ်ကြွင်းများထဲမှ တစ်ခုဖြစ်တယ်လို့ဆိုပါတယ်။

Photo Credit – From Google
Photo Credit – From Google

သမိုင်းပညာရှင်များအတွက်တော့ ဒီရုပ်ကြွင်းဟာ  အလယ်ပိုင်း Pleistocene ကာလအတွင်း Altamura ဒေသမှာ နေထိုင်ခဲ့တဲ့ အစောပိုင်းလူသားမျိုးနွယ်တွေရဲ့ ဆင့်ကဲပြောင်းလဲမှုကို လေ့လာရာမှာ တန်ဖိုးမဖြတ်နိုင်တဲ့ ရှာဖွေမှုတစ်ခု ဖြစ်ခဲ့ပါတယ်။

Photo Credit – From Google
Photo Credit – From Google

သတင်း အရင်းအမြစ် Source - Asian Gallery

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T