အိမ်မြှောင်စုတ်ထိုးသံဟာ လူနှင့် နတ်တို့ ရဲ့ဆက်သွယ်ရေး အချက်ပြ သင်္ကေတများလား

//s9.kh1.co/11/11524941247b88eaf113e29f791af226f1001d3b.jpg
MPT

 ၂၀-ဖေ-၂၀၂၃ ၆pm · လွန်ခဲ့သော ၃ နှစ် က

.


နေအိမ်များရှိလျှင်  အိမ်မြှောင်ဆိုတဲ့ တိရစ္ဆာန်လေးတွေလည်း ရှိတတ်ကြပါတယ်။ အိမ်မြှောင်လေးတွေကိုတော့  မြန်မာလူမျိုးတချို့က ကောင်းခြင်းမင်္ဂလာတစ်ပါးလို့တောင် မှတ်ယူကြပါတယ်။ ဘာလို့လဲ ဆိုတော့ အိမ်မြှောင်လေးတွေရဲ့ စုတ်ထိုးသံကို ကြားရခြင်းဟာ အိမ်အတွက် ကောင်းတဲ့  လာဘ်လာဘများ ဝင်လာစေတတ်လို့ပါ။

Photo Credit - From Google
Photo Credit - From Google

အိမ်မြှောင်တွေ စုတ်ထိုးတာနဲ့ပတ်သက်ပြီး သိကောင်းစရာလေးတွေကို မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီးက မိန့်တော်မူခဲ့ဖူးတာရှိပါတယ်။ အိမ်ရှေ့ခန်းကနေ စုတ်ထိုးခဲ့လျှင် မင်းမှုစိုးမှုများနဲ့ စကားများတတ် ၊ အိမ်လယ်ခန်းက စုတ်ထိုးခဲ့လျှင် သားသမီး ကိစ္စနဲ့ စကားပြောရတတ်၊ အိပ်ခန်းထဲက စုတ်ထိုးလျှင်တော့ လင်မယားအချင်းများ တတ်ကြ၏ ။ ဒါ့အပြင် အိမ်မြှောင်တွေဟာ ဈာန်ကွက် (ကသိုဏ်းကွက်) ဝင်နေတဲ့ မျက်လုံးရှင်တွေဖြစ်တာကြောင့် နတ်မင်းတွေကို မြင်တွေ့ရပါတယ်။

Photo Credit - From Google
Photo Credit - From Google

အထူးသဖြင့် အိမ်မြှောင်စုတ်ထိုးသံဟာ လူနှင့် နတ်တို့ ရဲ့ဆက်သွယ်ရေး အချက်ပြ သင်္ကေတလို့ ဆိုထားခဲ့ပါတယ်။ ဒါ့အပြင် အမြင့်ပေါ်ကနေပြုတ်ကျလာတဲ့  အိမ်မြှောင်ကိုလည်း အတိတ်နိမိတ်များ ကောက်ထားကြတာရှိပါတယ်။

အိမ်မြှောင်ကျနိမိတ်များ

(၁) မိမိရှေ့သို့ကျလျှင် လာဘကြီးရအံ့။

(၂) အနောက်သို့ ကျလျှင် အောင်မြင်အံ့။

(၃) လက်ယာဘက်သို့ကျလျှင် အပူဇော်ခံရအံ့။

(၄) လက်ဝဲဘက်သို့ကျလျှင် ငြင်းခုန်ရန်ပွားအံ့။

(၅) လက်ဝဲလက်ပေါ်ကျလျှင် အနှောင်အဖွဲ့ခံရအံ့။

(၆) လက်ယာလက်ပေါ်ကျလျှင် အစားကောင်းရအံ့။

(၇) ပုခုံး အထက်ကျလျှင် ကြီးသူနှင့်ကွေကွင်းအံ့။

(၈) လက်ဝဲခြေဖမိုးပေါ်ကျလျှင် အမျက်ပွားအံ့။

(၉) လက်ယာခြေဖမိုးပေါ်ကျလျှင် ချစ်သူရအံ့။

(၁၀) ခြေသလုံးထက်ကျလျှင် မြတ်သောလာဘ်ရအံ့။

Photo Credit - From Google
Photo Credit - From Google

(၁၁) ပေါင်ထက်ကျလျှင် သားကောင်းရအံ့။

(၁၂) ခါးထက်ကျလျှင် အဝတ်ထည်များရအံ့။

(၁၃) ချက်ပေါ်ကျလျှင် အစာရေစာပေါများအံ့။

(၁၄) ရင်ထက်ကျလျှင် ရွှေငွေရတနာရအံ့။

(၁၅) သားမြတ်ထက်ကျလျှင် သမီးကညာဝင်အံ့။

(၁၆) လည်ထက်ကျလျှင် အဘိုးထိုက်ရတနာဝတ်ရအံ့။

(၁၇) မေး၊မုတ်ဆိတ်ထက်ကျလျှင် ဇနီး/ခင်ပွန်းရအံ့။

(၁၈) ပါး ၊ နားပေါ်ကျလျှင် ငယ်သူနှင့်ကွေကွင်းအံ့။

(၁၉) ဦးခေါင်းထက်ကျလျှင် အကြီးအကဲဖြစ်အံ့။

(၂၀) ကျောထက်ကျလျှင် အနာရောဂါဖြစ်အံ့။

တကယ်လို့ အိမ်မြှောင်ကျပြီး မကောင်းသောနိမိတ်ဖြစ်ပါက နေ့မကူးမီ တရော်ကင်းပွန်းဖြင့်ခေါင်းလျှော်ရေချိုးပါလို့လည်း ဆရာတော်ကြီးက ဆိုမိန့်ခဲ့ပါတယ်။

Photo Credit - From Google
Photo Credit - From Google

ရှေးလူကြီးများရဲ့ ဆိုမိန့်များမှာတော့ အိမ်တစ်အိမ်မှာ ညနေ နေဝင်ခါနီး မီးဖိုချောင်  အရပ်ကနေ အိမ်မြှောင်စုတ်ထိုးသံကြားရမယ်ဆိုလျှင် ထိုအိမ်အတွက် သူတို့က အစားအသောက်များ လာထားတာလို့ ဆိုပါတယ်။ အချို့အိမ်တွေမှာဆိုရင် ဆန်အိုးဆန်မလျှော့ ၊ဆီအိုး ဆီမလျှော့ ဖြစ်တတ်သလို တစ်ခါတစ်ရံ ငွေများလည်း ရတတ် ၊ ရွှေစ ကျောက်မျက်စလေးများလည်း ကောက်ရတတ်ကြောင်း ပြောဆိုခဲ့ဖူးပါတယ်။

သတင်း အရင်းအမြစ် Source - (မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီး)

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T