ယနေ့ခေတ် အန်နာကွန်ဒါမြွေကြီးတွေထက်တောင် ကြီးမားကြတယ်ဆိုတဲ့ Titanoboa

//s9.kh1.co/ef/ef29d71f8bf066d155109a385cde4a9fd88264e8.jpg
MPT

 ၁၄-ဖေ-၂၀၂၃ ၁၀am · လွန်ခဲ့သော ၃ နှစ် က

ဒီမြွေကြီးသာ ယနေ့ချိန်ထိရှိမယ်ဆိုရင် တော်တော် ကြောက်စရာကောင်းနေမှာပါ.......

Titanoboa ဟာ ယနေ့ခေတ် ကိုလံဘီယာအရှေ့မြောက်ပိုင်းက မျိုးသုဉ်းပျောက်ကွယ်သွားတဲ့ mega-snake အမျိုးအစားဖြစ်ပါတယ်။ သူတို့ဟာ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၆၀ မှ ၅၈ သန်းလောက်ကြားမှာ မျိုးသုဉ်းပျောက်ကွယ်သွားတာကြောင့် မြွေကြောက်သူတွေအနေနဲ့တော့ ဒါဟာကျေနပ်စရာပါပဲ။

https://s9.kh1.co/__image/w=650,h=346,q=100/b8/b8022ffc4b6de8545cb342d0858e90c8eeda04c1.jpg
https://s9.kh1.co/__image/w=650,h=488,q=100/15/15d0f1981fe7ecf30721679e808b154076423ace.jpg

Titanoboa cerrejonensis ဟာ အရှည် ၄၂ ပေအထိ ကြီးမားတဲ့ မြွေတစ်ကောင်ဖြစ်ပြီး ၁၆ လက်မ ဦးခေါင်းခွံနဲ့ အလေးချိန် ပေါင် ၂၅၀၀ ရှိပါတယ်။ ရှာတွေ့ဖူးသမျှမြွေတွေထဲမှာ ဒါဟာ အကြီးဆုံးပါပဲ။ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ယနေ့ခေတ်အကြီးဆုံး‌‌မြွေဖြစ်တဲ့ အစိမ်းရောင် အန်နာကွန်ဒါ မြွေဟာ ပေ ၃၀ သာရှိပြီး အလေးချိန်ပေါင် ၅၅၀ ပဲရှိပါတယ်။

https://s9.kh1.co/__image/w=631,h=300,q=100/e6/e69b73cd76abd3e16756bda6eb50634e2ea7eaae.jpg
https://s9.kh1.co/__image/w=650,h=366,q=100/4a/4ac24699689a86d698399c8429fc00abbaf3f1ba.jpg

အစပိုင်းမှာတော့ ကျောက်ဖြစ်ရုပ်ကြွင်းဗေဒပညာရှင်‌တွေက Titanoboa တွေဟာ အန်နာကွန်ဒါတွေ စားတဲ့ အစားအစာကို စားတယ်လို့ ထင်ခဲ့ကြပေမယ့် သူတေသနပညာရှင်တွေကတော့ ဆက်လက်လေ့လာခဲ့ပါတယ်။ သူတို့ရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းသွားတွေအရတော့ ငါးတွေကိုပဲ စားသုံးတဲ့သားကောင်ဖြစ်နိုင်ချေပိုများကြောင်း ညွှန်ပြနေပါတယ်။ ကျွမ်းကျင်သူတွေအနေနဲ့ ဒီမြွေကြီးတွေ မျိုးသုဉ်းရခြင်းအကြောင်းအရင်းကို သေချာမသိပေမယ့်လည်း ရာသီဥတုဖောက်ပြန်ပြီး ပိုမိုအေးစက်တဲ့ အခြေအနေကြောင့်လို့ ယူဆထားပါတယ်။

https://s9.kh1.co/__image/w=650,h=907,q=100/98/987e249188f743d0ddc80e7a7a8fc4bfa5c59160.jpg
Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T