ကျား နှင့် ခြင်္သေ့ ဘာတွေကွာခြားလဲ…?

//s9.kh1.co/28/289eb94dfb0729d71fbe0e4300f71e396a072ddc.jpg
MPT

 ၁၃-ဖေ-၂၀၂၃ ၂pm · လွန်ခဲ့သော ၃ နှစ် က

ကျား နှင့် ခြင်္သေ့ ဘာတွေကွာခြားလဲ…?

ခြင်္သေ့ နှင့် ကျားကြား ဘာတွေကွာခြားလဲလို့ မေးရင် သူတို့နှစ်ကောင်ကြားမှာ အဓိကကွာခြားချက်များစွာရှိတယ်လို့ ပြောရမှာပဲ…။ အထင်ရှားဆုံး ကွာခြားချက်ကတော့ လူတိုင်း မြင်တွေ့နေရတဲ့ သူတို့ရဲ့ အသွင်အပြင်ပါ။ ခြင်္သေ့ နှင့် ကျားတို့ရဲ့ ကိုယ်ရောင်က ပုံမှန်ဆိုတူတယ်လို့ ပြောလို့ရပေမယ့် ကျားရဲ့ ထင်ရှားတဲ့ အစင်းကြောင်း ပုံစံကတော့ တော်တော်လေး ကွဲပြားသွားပါတယ်။

Photo Credit – From Google
Photo Credit – From Google

ပြီးတော့ ခြင်္သေ့အထီးတွေရဲ့ လည်ပင်းတဝိုက်မှာတော့ ထူထဲတဲ့ အမွေးထူများရှိပါတယ်။ နေထိုင်မှုပုံစံကတော့ ခြင်္သေ့ ရော ကျား ရောက အများသောအားဖြင့် တစ်နေရာတည်းမှာ နေထိုင်လေ့မရှိတာကြောင့် ကွာခြားမှုမရှိဘူးလို့ ပြောလို့ရပါတယ်။

Photo Credit – From Google
Photo Credit – From Google

ကျားများဟာ ယေဘူယျအားဖြင့် ခြင်္သေ့ထက် နှစ်ဆခန့်ပိုရှည်ပါတယ်။ ဒါ့အပြင် ကိုယ်အလေးချိန်ကို ကြည့်မယ်ဆိုရင်လည်း အကြီးဆုံး ကျားတွေဟာ ခြင်္သေ့ထက် အလေးချိန်ပိုပါတယ်။ ကျားအထီးများဟာ ပေါင် ၆၆၀ အထိ အလေးချိန်ရှိပြီး ခြင်္သေ့အထီးများမှာ အများဆုံး ပေါင် ၅၀၀ အောက်သာရှိပါတယ်။  ကျားမလေးတွေဆိုရင် ပုံမှန်အားဖြင့် ပေါင် ၂၀၀ နဲ့ ၃၇၀ ကြား အလေးချိန်ရှိပါတယ်။

Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google

 ဒါပေမယ့် ခြင်္သေ့အပျိုများကတော့ များသောအားဖြင့် ကိုယ်အလေးချိန် ၂၆၅ ပေါင်မှ ၃၉၅ ပေါင်အထိရှိသည်။နောက်ထပ်မတူတဲ့ အချက်ကတော့ ခြင်္သေ့များဟာ အကောင် ၃၀ အထိ အုပ်စုဖွဲ့နေထိုင်ကြပေမယ့် ကျားများကတော့ တစ်ကောင်တည်းပဲ အထီးကျန်စွာနေထိုင်ကြတာ ဖြစ်ပါတယ်။

Photo Credit – From Google
Photo Credit – From Google

သတင်း အရင်းအမြစ် Source -a-z-animals

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T