အနုပညာလမ်းကြောင်းထက်ဆီက ပျောက်ကွယ် လုနီးပါးဖြစ်ဖူးတဲ့ Kim Rae-won

//s9.kh1.co/c4/c41fefbcd818769d963fe03a7ba9db2abe2124a2.jpeg
အနုပညာရှင်များ

 ၂၉-ဇန်-၂၀၂၃ ၁၀am · လွန်ခဲ့သော တစ်နှစ် က

အနုပညာလမ်းကြောင်းထက်ဆီက ပျောက်ကွယ်လုနီးပါး ဖြစ်ဖူးတဲ့ Kim Rae-won

တောင်ကိုရီးယားမင်းသား Kim Rae-won ဟာဆိုရင် တစ်ခါတုန်းက တက္ကသိုလ် (Love Story in Harvard) နဲ့ခေါင်မိုးပေါ်ကကြောင်ကလေး (Cats on the Roof) ဇာတ်လမ်းတွဲနဲ့ ပရိသတ်တွေရဲ့ တခဲနက် အားပေးခြင်းကို ခံခဲ့ရတဲ့သူဖြစ်ပါတယ်။

https://s9.kh1.co/__image/w=375,h=500,q=100/7a/7a772f78e4040ceb3148170152273912dcbdbe5c.png

အပြုံးချိုချိုလေးနဲ့ ရယ်လိုက်ရင် ရင်ထဲကို အေးသွားစေတဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားတဲ့Kim Rae-won ဟာ စွပ်စွဲချက်တစ်ခုကြောင့် အနုပညာ လောကကနေ ပျောက်ကွယ်လုနီးပါး ဖြစ်ခဲ့ရတဲ့ မင်းသားဖြစ်ပါတယ်။

https://s9.kh1.co/__image/w=630,h=858,q=100/ba/ba88faeac553b790fe0b87aaba358df08d61a8bb.png

Kim Rae-won က ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၂၈ ရက်တုန်းက ဂန်းနန်းမှာ ရှိတဲ့ ဘားတစ်ခုမှာ အမျိုးသမီးစားပွဲထိုးတစ်ယောက်ကို ရုပ်ပိုင်းဆိုင်ရာ အသားယူခြင်း ၊ ထိပါးခြင်း ပြုလုပ်ခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ရှိခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=817,q=100/12/1251ba6650055d8f4c8d7468f04bb507b684b8d5.png

အဆိုပါ စွပ်စွဲချက်ကို Kim Rae-won က ငြင်းဆန်ခဲ့ပြီး ခိုက်ရန်ဖြစ်ပွားခဲ့ခြင်းမဟုတ်ကြောင်း ၊ အမျိုးသမီးစားပွဲထိုးနဲ့အေဂျင်စီဘက်က တာဝန်ရှိသူ စကားများတာကို ကြားဝင်ဖြေရှင်းပေးခဲ့တာဖြစ်ကြောင်း သူ့ကြောင့် စိတ်မနှောင့်အယှက်ဖြစ်သွားရင် တောင်းပန်ကြောင်း ဆိုခဲ့ပါတယ်။ လူသိရှင်ကြားတောင်းပန်ခဲ့ပေမယ့်လည်း Kim Rae-won ဟာ ၂၀၁၁ ခုနှစ်က ထွက်ရှိခဲ့တဲ့ A Thousand Days' Promise ဇာတ်လမ်းတွဲအပြီးမှာ ၃ နှစ်ကြာ အနုပညာ လှုပ်ရှားမှုတွေကနေ အနားယူခဲ့ပါတယ်။

https://s9.kh1.co/__image/w=331,h=400,q=100/23/23ee1ba541ce211040bdeced0b9ddb59f6aacad1.png

၂၀၁၄ ခုနှစ်မှာတော့Punch ဇာတ်လမ်းတွဲနဲ့ ပရိသတ်တွေရှေ့ကို ပြန်ရောက်လာခဲ့ပြီး အောင်မြင်မှုတွေ ပြန်လည်ရယူနိုင်ခဲ့ပါတယ်။ Kim Rae-won က မကြာသေးမီက L.U.C.A.: The Beginning ဇာတ်လမ်းတွဲမှာ ပါဝင်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=488,q=100/44/44440ed273a1c52a412fb27ec24cb74e77b88645.png

လက်ရှိမှာတော့ The Police Station Next to the Fire Station ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ထားပါတယ်။ သတင်းကောင်းလေးတစ်ခုကတော့ Kim Rae-won က အသက် ၄၁ နှစ်အရွယ်ရှိပြီပဲ တစ်ကိုယ်တည်း လူပျိုကြီး ဖြစ်နေတုန်းပဲ ဖြစ်ပါတယ်။ 

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T