G-Dragon ရဲ့ ပရိသတ်ကြောင်း ပြသလိုက်တဲ့ ဘရာဇီးလ် စတား Neymar

//s9.kh1.co/2a/2a1d1173616eda2aced81eafb7dd4ed388a55faa.jpg
အနုပညာရှင်များ

 ၂၈-ဇန်-၂၀၂၃ ၁၂pm · လွန်ခဲ့သော တစ်နှစ် က

မကြာသေးမီက ကမ္ဘာကျော်ဘောလုံးသမား Neymar ဟာ GD ရဲ့.......

King Of K-pop လို့တင်စားခံရတဲ့ G-Dragon ဟာ K-pop လောကမှာ အချိန်အတော်ကြာ နာမည်တစ်ခုကို ထိန်းထားနိုင်ခဲ့တာဖြစ်ပါတယ်။GD ဟာ K-pop ဘက်တင်မဟုတ်ပဲ ဖက်ရှင် ဘက်မှာပါ ဘုရင်တစ်ပါးဖြစ်ပြီး ကမ္ဘာကျော်တွေကပါ GD ကို Idol အဖြစ်သတ်မှတ်ထားကြတာ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=1157,q=100/91/91b8e9d7d717e3f4befd175d39b5735fd21cb638.jpg

ကမ္ဘာကျော် ဘရာဇီးနဲ့ PSG စတား Neymar ဟာလည်း GD ရဲ့ ပရိသတ်ထဲမှာ အပါအဝင်ဖြစ်ပြီး GD ရဲ့ဖက်ရှင်နဲ့ GD ထုတ်တဲ့ ဖိနပ်တွေကို သဘောကျကြိုက်နှစ်သက်တဲ့သူ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=811,q=100/ee/ee912aa75cc7aeee474058d7afa4ccdf169a4a1e.jpg

Neymar ဟာ GDရဲ့ Paranoise 1.0 shoe ကို အမိုက်စားဖြစ်အောင် စီးပြခဲ့ဖူးသလို မကြာသေးမီကလည်း 2017 တုန်းက GD Vetements Event ကိုပွဲတက်တုန်းက Outfit ကို လုံးဝဆင်တူဖြစ်အောင် ဝတ်ဆင်ထားခဲ့တာ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=650,q=100/22/220b3725d064130db907fcd576df325d63186378.jpg

ဒီပုံတွေကြောင့် GD ရဲ့ ပရိသတ်တွေဟာ သူတို့ချစ်ခင်တဲ့ အနုပညာရှင်အတွက် ဂုဏ်ယူပြီး ဝမ်းသာနေခဲ့ကြပါတယ်။

https://s9.kh1.co/__image/w=600,h=1067,q=100/eb/eb038259d1c863c64afef507f2745a416d42d43a.jpg
https://s9.kh1.co/__image/w=474,h=545,q=100/93/9353267b71a5de9dd9cd534df151ed28f377632b.jpg

Photos: Credit

Thu Ya Zaw
Thu Ya

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T