တီကောင်နဲ့တောင် မှားယွင်းမိနိုင်တဲ့ ထူးထူးဆန်းဆန်း မြွေမျိုးစိတ်

//s9.kh1.co/d2/d286245afb25f5e3e3cd3e1069b02685ae709fbd.jpg
MPT

 ၀၁-ဖေ-၂၀၂၃ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

သူတိုဟာ နေရာတော်တော်များများမှာ နေထိုင်ကြပေမယ့် တွေ့ဖိုတော့ ခက်ခဲပါတယ်......

မြေဆီလွှာနှင့် အရွက်အမှိက်သရိုက်တွေမှာ အချိန်အတော်ကြာ ပုန်းအောင်နေထိုင်တတ်ပြီး တွေ့ရခဲတဲ့ မျိုးစိတ်ဖြစ်ပါတယ်။ သစ်လုံး သိုမဟုတ် ကျောက်တုံးတွေကို လှန်လိုက်တဲ့အခါမျိုးနဲ့ မြေမျက်နှာပြင်ပေါ် မိုးသည်းထန်စွာ ရွာသွန်းပြီးနောက်မှာ သူတိုကို တွေ့ရနိုင်ပါတယ်။ သူတိုဟာ ကမ္ဘာ့အသေးဆုံးမြွေတွေထဲက တစ်ကောင်ဖြစ်ပြီး အရှည် 20 စင်တီမီတာထက် တိုပါတယ်။

https://s9.kh1.co/__image/w=650,h=433,q=100/0c/0c44bc79ad6ecacd56da0f45e0b1002fbc6520aa.jpg
https://s9.kh1.co/__image/w=650,h=399,q=100/95/95c4576aa49f9cfe5c10a02ec98abb95c5b89931.png

ခန္ဓာကိုယ်တစ်ခုလုံးဟာ အညိုမှ အနက်ရောင်အထိရှိပါတယ်။ ဦးခေါင်းဟာ ခန္ဓာကိုယ်ကနေ သေးငယ်စွာထွက်နေပြီး သေးငယ်တဲ့ မျက်လုံးအနက်ရောင် အစက်လေးနှစ်ခု ရှိပါတယ်။ ဒါပေမယ့် ဒီမြွေဟာ အလင်းနှင့်အမှောင်ကို ခွဲခြားသိမြင်နိုင်ပါတယ်။ အမြီးဟာ တုံးပြီး တိုတောင်း လေ့ရှိပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/63/63cad4c02c81227c6fa4ccf7c7d4926c97fb68b8.jpg
https://s9.kh1.co/__image/w=650,h=390,q=100/13/137603b2f6007adbf5a39122a3564ca24cb23376.jpg

Brahminy Blind Snake ဟာ အဓိကအားဖြင့် ပုရွက်ဆိတ် နှင့် ပိုးတုံးလုံး ကျောရိုးမဲ့ သေးငယ်တဲ့ အကောင်ငယ်တွေကို ကျက်စားကြပါတယ်။ ဒီမြွေမျိုးစိတ်ဟာ ဘယ်မြွေနဲ့မှမတူတဲ့ လိင်ပိုင်ဆိုင်ရာကြောင့် ထင်ရှားတဲ့ မြွေမျိုးစိတ်ဖြစ်ပါတယ်။ ပြောရရင် ဒီမြွေမျိုးစိတ်တွေအကုန်လုံးဟာ အမတွေပါ။ မျိုးစိတ်တွေဟာ အရှေ့တောင်အာရှတစ်ခွင်မှာ ပြန့်နှံနေပြီး အရှေ့အလယ်ပိုင်း၊ အာဖရိကနှင့် US အပါအဝင် ကမ္ဘာ့အခြားဒေသတွေမှာလည်း နေထိုင်ကြပါတယ်။

https://s9.kh1.co/__image/w=650,h=432,q=100/a6/a6ad2c9cc32343fa41de62355283df1ea787de71.jpg
https://s9.kh1.co/__image/w=650,h=376,q=100/78/784a7f238060999a3efe943e9561469412605ce1.jpg
Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T