ပရိသတ်တွေရဲ့ မျှော်လင့်ချက်တစ်ခုကို ရိုက်ချိုးပစ်လိုက်တဲ့ BLACKPINK အဖွဲ့ဝင် Jisoo

//s9.kh1.co/f5/f58903db09fef2952e37821209c6ff31a5579ddc.jpeg
အနုပညာရှင်များ

 ၂၆-ဇန်-၂၀၂၃ ၇pm · လွန်ခဲ့သော တစ်နှစ် က

လုပ်ရက်လိုက်တာကောင်မလေးရယ် ..🥹

BLACKPINK အဖွဲ့ဝင် Jisoo ဟာဆိုရင် သူမရဲ့နောက်ဆုံးအင်တာဗျူးမှာ တစ်ကိုယ်တော်ပွဲဦးထွက်နိုင်ချေ ရှိမရှိကိုဖွင့်ဟပြောဆိုလာခဲ့ပါတယ်။ 

Google
Google

Jisoo က လက်ရှိမှာ အသက် ၂၈ နှစ်အရွယ်ရှိနေပြီဖြစ်ပြီး သူမအနေနဲ့ တစ်ကိုယ်တော် ပွဲဦးထွက်ဖို့ လုံးဝ အဆင်သင့် မဖြစ်သေးဘူးလို့ ဆိုပါတယ်။ 

BLACKPINK အဖွဲ့မှာ တစ်ကိုယ်တော် ပွဲဦးထွက်ဖို့ ကျန်ရှိနေသူက Jisoo တစ်ယောက်တည်း ဖြစ်တာကြောင့်အဆိုပါ အကြောင်းအရင်းနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့တဲ့အချိန်မှာ Jisoo က ရိုးရှင်းစွာ ပြန်လည်ဖြေကြားခဲ့ပါတယ်။ 

Google
Google

Jisoo က သူမအနေနဲ့ တစ်ကိုယ်တော်အခွေထုတ်ချင်ကြောင်းဆိုတာ မသေချာသေးကြောင်း၊ သူမနားထောင်တဲ့သီချင်း၊ သူမ ပြုလုပ်နိုင်တဲ့သီချင်း ၊ သူမပြုလုပ်ချင်တဲ့သီချင်း တွေ ကို ဘယ်လိုမျိုးရွေးချင်လဲဆိုတာ မတွေးမိကြောင်း ၊ သူမ ကြိုက်တဲ့သီချင်းတွေက တူရိယာတွေနဲ့ တီးခတ်ရတဲ့ သီချင်းဖြစ်ကြောင်း ပွင့်ပွင့်လင်းလင်းပြောခဲ့ပါတယ်။ 

Google
Google

Jisoo က မတူညီတဲ့ တီးဝိုင်းတွေနဲ့ ရော့ခ်ဂီတကို နှစ်သက်ပါကြောင်း ၊ လူတွေက သူမဆီက ဘာလိုချင်တာလဲဆိုတာ သိချင်ကြောင်း၊ သူမအနေနဲ့ ရှုပ်ထွေးနေတဲ့ မေးခွန်းတွေရှိကြောင်း ၊ ၂၀၂၃ ခုနှစ်အတွက် သူမရဲ့တစ်ကိုယ်တော် အစီအစဉ်တွေကို မသိရှိသေးကြောင်း ရှင်းပြထားပါတယ်။ 

Google
Google

BLACKPINK အဖွဲ့ဝင် Jisoo ဟာဆိုရင် လက်ရှိအချိန်အထိ တစ်ကိုယ်တော် သီချင်းခွေ မထုတ်ရသေးတဲ့ တစ်ဦးတည်းသော အဖွဲ့ဝင် ဖြစ်ပါတယ်။ 

Google
Google

BLACKPINK  အဖွဲ့ထဲက Jennie  ဟာဆိုရင် ၂၀၁၈ ခုနှစ်တုန်းက ပထမဦးဆုံးတစ်ကိုယ်တော်ပွဲဦးထွက်လာတဲ့သူဖြစ်ပြီး ၊ ၂၀၂၁ ခုနှစ်မှာ Rose နဲ့ ၂၀၂၂ ခုနှစ်မှာ  Lisa တို့က အသီးသီးတစ်ကိုယ်တော် ပွဲဦးထွက်ခဲ့ကြပါတယ်။ 

Google
Google
Google
Google

ပရိသတ်တွေအနေနဲ့  Jisoo ရဲ့ တစ်ကိုယ်တော်ပွဲဦးထွက်ကို များစွာမျှော်လင့်နေပေမယ့် လက်ရှိ အခြေအနေအရတော်တော်လေး အချိန်ကြာဉီးမယ့် အနေအထားမှာ ရှိလို့နေပါတယ်။ 

Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T