လျှို့ဝှက်ဆန်းကျယ်တဲ့ ရေနေသတ္တဝါတွေထဲမှာ Chondrocladia occulta ဆိုတဲ့ ရေမြှုပ်တွေလည်း အပါအဝင်ပါ။ လူတော်တော်များများ ဒီရေမြှုပ်တွေကို မတွေ့ဖူးကြဘူးလို့လည်း ထင်ပါတယ်။ သူတို့ကို အန္တာတိကတိုက်အနီး ပင်လယ်ပြင်မှာ တွေ့ရနိုင်ပါတယ်။ အမှတ်တမဲ့ ကြည့်ရင် စပျစ်သီးအခိုင်လေးနဲ့တောင် တူကြပါတယ်။

ဒါပေမယ့် အမြင်ပိုင်းလှသလောက် ဒီရေမြှုပ်တွေက တော်တော်လေးကြောက်စရာကောင်းတဲ့ အထဲမှာ ပါတယ်လို့ ဆိုရမယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က Cladorhizidae မိသားစုဝင်ဖြစ်တာကြောင့် အသားစား တဲ့ရေမြှုပ်ဖြစ်နေလို့ပါ။

စိတ်ဝင်စားရာကတော့ သားကောင်တွေကို ဖမ်းယူတဲ့အချိန်မှာ သူတို့ရဲ့ ပူဖောင်းလေးတွေက မိုးပျံပူဖောင်းကဲ့သို့ အကြီးကြီး ဖြစ်သွားကြပါတယ်။ ရေမြှုပ်များဟာ များသောအားဖြင့် ဘက်တီးရီးယားများကို စားသုံးဖို့ အတွက် လုံလောက်တဲ့ သေးငယ်သည့် အရာများကို ပြုလုပ်လေ့ရှိကြပါတယ်။

ဒီရေမြှုပ်မျိုးစိတ်ပေါင်းက ၇၆ မျိုးလောက်ရှိပေမယ့် လူသိများတာက နှစ်မျိုးလောက်သာရှိတာ ဖြစ်ပါတယ်။ မှတ်တမ်းတွေအရဆိုရင် Chondrocladia occulta တွေက လွန်ခဲ့တဲ့ နှစ်ပေါင်း ၂ သန်းလောက်ကတည်း ရှိခဲ့တာလို့ ဆိုပါတယ်။

သတင်း အရင်းအမြစ်៖ Source - en.wikipedia




