နှစ်စဉ် လူပေါင်း ၁ သောင်းကျော်လောက်ကို သတ်လေ့ရှိကြတဲ့ ခရုများ

//s9.kh1.co/00/00c713aea461d3520d003f89f69281f6eba4e0e3.png
MPT

 ၁၄-ဇန်-၂၀၂၃ ၁၁am · လွန်ခဲ့သော ၃ နှစ် က

ခရုတွေက လူတွေကို သေဆုံးစေနိုင်တယ်တဲ့လား.....

ခရုတွေဟာ လူတွေကို သေဆုံးစေနိုင်တာ သိပါသလား။ ရေချိုခရုတွေရဲ့ Schistosomiasis လို့ခေါ်တဲ့ ရောဂါကြောင့် နှစ်စဉ်လူပေါင်း ၁ သောင်းခန့်ကို သေဆုံးစေပါတယ်။ ရေချိုခရုတွေမှာ ကပ်ပါးသန်ကောင်တစ်မျိုးရှိပြီး ဒီကပ်ပါးသန်ကောင်တွေကြောင့် ဖြစ်ပွားတဲ့ ရောဂါပါ။ ကပ်ပါးကောင်ကို အရှေ့အလယ်ပိုင်း၊ ဆာဟာရအောက်ပိုင်း၊ ကာရေဘီယံ၊ အရှေ့တောင်အာရှနဲ့ အခြားအပူပိုင်းဒေသနိုင်ငံ‌တွေမှာ တွေ့ရှိနိုင်ပါတယ်။

https://s9.kh1.co/__image/w=650,h=383,q=100/c4/c42af6d0952ef1a0fe2b5a009623eac45f6f6aa7.jpeg
https://s9.kh1.co/__image/w=650,h=366,q=100/65/657b478b1b8465bba4ea06efb267b3fb40e5a67f.jpg

ကပ်ပါးပိုးဟာ ရောဂါပိုးရှိတဲ့ တိရစ္ဆာန် သို့မဟုတ် လူတို့ရဲ့ မစင်နဲ့ ဆီးကနေတဆင့် ဖြစ်ပေါ်လာပြီး ရေချိုကိုညစ်ညမ်းစေပါတယ်။ ကပ်ပါးပိုးဟာ အရေပြားကတဆင့် ထိုးဖောက်ဝင်ရောက်ကာ သွေးကြောအတွင်းရောက်ရှိလာပြီး အူများ၊ အသည်းနဲ့ အခြားအင်္ဂါတွေဆီကို ရွေ့လျားခြင်းဖြင့် လူကိုကူး‌စက်စေပါတယ်။

https://s9.kh1.co/__image/w=550,h=386,q=100/10/102f37adea5cb100fa320342471c2f56fddc8958.webp
https://s9.kh1.co/__image/w=640,h=480,q=100/a8/a86d42c657ac67cfefc6d51672ba0ed5370bf02b.jpg

အစောပိုင်း လက္ခဏာတွေမှာ အဖျားတက်ခြင်း၊ ချမ်းတုန်ခြင်း၊ ကြွက်သားနှင့် အဆစ်အမြစ်များ နာကျင်ခြင်း စတာ‌တွေ ပါဝင်ပြီး နောက်ပိုင်းမှာ ဆီးသွားဖို့ ခက်ခဲခြင်း၊ ဆီး သို့မဟုတ် ဝမ်းထဲမှာ သွေးပါခြင်း၊ အသည်းကြီးခြင်း စတာတွေဖြစ်နိုင်ပါတယ်။ ကုသဖို့နည်းလမ်းရှိနေပေမယ့်လည်း ဒီရောဂါဟာ လူတွေကို သေစေနေတုန်းပါပဲ။

https://s9.kh1.co/__image/w=530,h=231,q=100/e9/e930f942caf53d69cabc8483396b932daa916a5d.jpg
Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T