မြင်းနှင့် နွားဟာ မျိုးစိတ်ကွဲပြားပေမယ့် တကယ်တော့ သူတို့နှစ်ကောင်မှာ ဆင်တူရိုးမှာ အချို့ရှိပါတယ်။ အဲ့တာ ဘာတွေလဲဆိုတာ သင်လဲ သတိထားတွေ့ဖူးတဲ့ အရာတွေပါ။ သူတို့ဟာ နို့တိုက် သတ္တဝါများဖြစ်ကြပြီး ခွာများလည်း ရှိကြသလို တစ်ကောင်ချင်းစီမှာ အံသွား ၁၂ ချောင်း ၊ အံကြို ၁၂ ချောင်း စုစုပေါင်း အံသွား ၂၄ ချောင်းစီ အချိုးအစားကျ ရှိကြပါတယ်။

နွားရဲ့ သွားတွေကတော့ သူတို့ရဲ့ ပါးစပ်နောက်ဘက်မှာရှိပြီး မေးရိုးအပေါ်နှင့် အောက်မေးရိုးများကြား တစ်ဖက်ကို အညီအမျှ ခြောက်ချောင်းစီရှိပေမယ့် ရှေ့သွားများကတော့ မရှိကြပါဘူး။ ရှေးသွားများရဲ့ အပေါ်ဆုံးသွားများအစား အလွန်ကြမ်းတမ်းတဲ့ သွားဖုံးပဲရှိပါတယ်။


မြင်းသွားများကတော့ နွားများထက် သွားများ ပိုများပြီး ထူးဆန်းတာဟာ မြင်းများကြားမှာ အရေအတွက် ကွဲပြားတတ်ပါတယ်။ မြင်းများဟာ အသက် ၅ နှစ်အရွယ်မှာ အနည်းဆုံး သွား ၃၆ ချောင်းရှိပေမယ့် သွား ၄၄ ချောင်းအထိ ပေါက်နိုင်ပါတယ်။


ပြီးတော့ နွားတွေလို ပါးစပ်ရဲ့ အနောက်ဘက် အပေါ်နှင့်အောက်မှာ အံသွား ၂၄ ချောင်း တစ်ဖက်စီရှိပါတယ်။ ဒါပေမယ့် နွားနဲ့မတူကတော့ မြင်းမှာ အပေါ်ဘက် ၆ ချောင်း နဲ့ အောက်ခြေ ၆ ချောင်း ရှိပါတယ်။ အချို့မြင်းများမှာတော့ အံသွားနှင့် အမြှေးများကြားမှာ ခွေးသွားလေးငါးချောင်းရှိပေမယ့် အထီးတွေထက် အမက ပိုအဖြစ်များပါတယ်။ မြင်းနှင့် နွားကို မွေးဖူးတဲ့ တွေဆိုရင်တော့ ဘာတွေကွာခြားလဲ ၊ ဘာတွေတူလဲဆိုတာ သိကြမှာပါ။

သတင်း အရင်းအမြစ်៖ Source - animals.mom




