တခြားဘယ်ကျီးကန်း ဘယ်ငှက်နဲ့မှမတူပဲ ကိရိယာတွေကို သေချာအသုံးပြုတတ်ကြတဲ့ ကျီးကန်းမျိုးနွယ်

//s9.kh1.co/a6/a6338632b543be9ea24cbfe74b05ae7d8be94098.jpg
MPT

 ၁၀-ဇန်-၂၀၂၃ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

ငှက်တွေအ‌နေနဲ့ ကိရိယာတွေကို အသုံးပြုနိုင်တယ်ဆိုတာ ယုံနိုင်လား......

New Caledonian ကျီးကန်းတွေဟာ ကျီးကန်းမျိုးနွယ်တွေထဲမှာ ဉာဏ်အကောင်းဆုံးငှက်ဖြစ်ပြီး သူတို့အားလုံးဟာ အခြားငှက်များထက် ဉာဏ်ပိုကောင်းကြပါတယ်။ စမ်းသပ်မှုတစ်ခုမှာဆိုရင် Betty (ဘက်တီ) အမည်ရှိတဲ့ New Caledonia ကျီးကန်းတစ်ကောင်ဟာ သူတို့မျိုးနွယ်အနေနဲ့ ကိရိယာတွေကို ဘယ်လိုမျိုး ထိထိရောက်ရောက် အသုံးပြုနိုင်ကြောင်း သက်သေပြခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/3d/3dd994eb4cb375f3e7cf15fbabd77492c0efaee1.jpg
https://s9.kh1.co/__image/w=650,h=366,q=100/52/52a19b6094a6656f70c9d8878dd326ab20c24c5e.jpg

ကျီးကန်းရဲ့ ဉာဏ်ရည်ကို စမ်းသပ်ဖို့အတွက် Oxford တက္ကသိုလ်က သုတေသီတွေဟာ ဘက်တီအတွက် ပြွန်တစ်ခုထဲမှာ အသားတစ်တုံးထည့်ထားခဲ့ပါတယ်။ ဒါပေမယ့် ပြွန်အပေါက်က သူမနဲ့ဘယ်လိုမှ ဆန့်မနေပါဘူး။ အဲ့တာကြောင့် သူမဟာ လှောင်အိမ်ထဲမှာရှိတဲ့ ကြေးနန်းကြိုးအရှည်ကို ယူလိုက်ပြီးတော့ အနီးနားမှာရှိတဲ့ အရာဝတ္ထုတစ်ခုနဲ့ ကွေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။

https://s9.kh1.co/__image/w=650,h=452,q=100/5c/5cc0000facf6b0183347b918984d7efe610a598d.webp
https://s9.kh1.co/__image/w=500,h=376,q=100/fc/fcda01c3cd521450efd309ffe3a3c2736000af2f.jpg

ကြေးနန်းကြိုးကို ကွေးလိုက်တဲ့အတွက်ကြောင့် ချိတ်လိုဖြစ်သွားပြီး သူမလည်း ဒီချိတ်နဲ့ ပြွန်ထဲက အစာကိုထုတ်ပြခဲ့ပါတယ်။ ဒီလိုမျိုး ဉာဏ်သုံးပြီး အစာကို ထုတ်နိုင်ပြနိုင်တဲ့အတွက် New Caledonia ကျီးကန်းတွေ အနေနဲ့ ကမ္ဘာပေါ်မှာ ဉာဏ်ကောင်းတဲ့ တိရစ္ဆာန်တွေထဲက တစ်ကောင်ဖြစ်တယ်ဆိုတာ ငြင်းမရပါဘူး။

https://s9.kh1.co/__image/w=650,h=488,q=100/be/bebee51f4454a12270e178323355d34cb1faea2f.jpg
Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T