အီတလီနိုင်ငံဟာ ရောမခေတ် သမိုင်းကြောင်းတစ်လျှောက်မှာ အလွန်ထင်ရှားခဲ့ပြီး ယနေ့ခေတ်အထိ ထူးထူးခြားခြား ရှေးဟောင်းအမွေအနှစ်များနှင့် ပြည့်နှက်နေတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။ အဲ့ဒီထဲမှာ Potenza ပြည်နယ်၊ Basilicata မြို့မှာရှိတဲ့ Parco dei Palmenti di Pietragalla ရှေးဟောင်း ရွာငယ်လေးကတော့ ယနေ့ခေတ် ကမ္ဘာလှည့်ခရီးသွားတွေအတွက် ဆွဲဆောင်ထားရာ နေရာအပါအဝင်ဖြစ်ပါတယ်။


ဒီရွယ်ငယ်လေးက ယနေ့ခေတ်မှာ စပျစ်ခြံအဖြစ်ပြောင်းလဲသွားခဲ့ပေမယ့် အိမ်ကလေးတွေရဲ့ ဖန်တီးတည်ဆောက်ပုံကတော့ လျှို့ဝှက်ဆန်းကြယ်စွာ ရှိနေတုန်းပါပဲ။ မှတ်တမ်းတွေအရ ဒီရွယ်ငယ်လေးဟာ ၁၈ ရာစုက တည်ဆောက်ခဲ့ပြီး ၂၀ ရာစုနှစ်အထိ အသုံးပြုခဲ့ပါတယ်။ ရွာမှာရှိတဲ့ အိမ်ခြေအရေအတွက်က ၂၀၀ ခန့်လောက်ရှိမယ်လို့ ထင်ပါတယ်။

အိမ်အားလုံးကလည်း အရွယ်အစားတူ ၊ ပုံစံတူအောင် ကျောက်တုံးများဖြင့် စနစ်တကျတည်ဆောက်ထားတာ ဖြစ်ပါတယ်။ အိမ်ခေါင်မိုးတိုင်းကိုလည်း လွတ်လွတ်လပ်လပ် လမ်းလျှောက်သွားလို့ရတဲ့ အထိ မြေကြီးများဖြင့် အုပ်မိုးထားတာပါ။ ကျောက်ဆောင်အိမ်တွေ တည်ဆောက်ထားတဲ့ ဗိသုကာလက်ရာတွေကို ကြည့်ခြင်းအားဖြင့် ဒီရွာမှာနေခဲ့တဲ့ လူတွေရဲ့ ဉာဏ်ပညာ နှင့် အနုပညာတွေ ဘယ်လောက်တောင် ထူးချွန်ခဲ့သလဲဆိုတာ သိသာ ထင်ရှားပါတယ်။


ဒီလိုခမ်းနားကြီးကျယ်တဲ့ ဗိသုကာလက်ရာတွေနဲ့ အံ့ဩစရာကောင်းတဲ့ ရှုခင်းတွေကြောင့် လက်ရှိမှာ ခရီးသွားတွေကို ဆွဲဆောင်ထားရာ နေရာအဖြစ် ရှိနေခဲ့ပြီဖြစ်ပါတယ်။ တကယ်လို့ သင် အီတလီနိုင်ငံကို အလှည်အပတ်သွားခဲ့မယ်ဆိုရင် ထူးထူးခြားခြား ရှေးဟောင်းအမွေအနှစ်ဖြစ်တဲ့ Parco dei Palmenti di Pietragalla ရွာငယ်လေးကို သွားရောက်လည်ပတ်ဖို့ တိုက်တွန်းပါရစေ။


သတင်း အရင်းအမြစ်៖ Source - idealista




